ဇူလိုင် ၁၊ The Nation Voice
နိုင်ထက်လူ
ကရင်နီ(ကယား) ပြည်နယ်၊ ဘော်လခဲခရိုင်၊ အနီး အာဏာသိမ်းစစ်တပ်ရဲ့လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တာဝန်ရှိသူ ရဲဘော်လောရင်းစိုး ကThe Nation Voice ကိုပြောပါတယ်။
“သေချာသွားပါပြီ လေယာဉ်အမျိုးအစားကို စုံစမ်းနေတဲ့အခြေအနေပါ၊ မနေ့က ၁၁နာရီလောက်မှာ ပစ်ချပလိုက်တာပါ၊ အသေးစိတ်ကိုထုတ်ပြန်ပေးဖို့လည်းစဉ်းစားနေပါတယ်၊ ဒီနေ့ထုတ်ပြန်ထားတဲ့အ တိုင်းရပ်တည်သွားမှာပါ”လို့ ရဲဘော်လောရင်းစိုးကပြောပါတယ်။
![]() |
အာဏာသိမ်း စစ်တပ်က အသုံးပြုနေသည့် အပေါ့စားတိုက်လေယာဉ် |
ကလလတ စခန်းတွေကို လိုက်လံ ပစ်ခတ် နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဉ်တစ်စင်းကို ကလလတ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ် လက်နက်ကြီး တွေနဲ့ ပြန်လည် ဝိုင်းဝန်း ပစ်ခတ်ခဲ့တာဖြစ်ပြီးဘော်လခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ တောင်ဆားလဲကျေးရွာ BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးသံလွင်မြစ်ဘေးမှာ ပစ်ချခဲ့တာလို့ဆိုပါတယ်။
ထိုးကျသွားတဲ့ လေယာဥ်နေရာကို အာဏာသိမ်းစစ်တပ်က နောက်ထပ် စစ်ရဟတ်ယာဥ် ၅စင်းဝန်းကျင်နဲ့ ဝန်းရံပြီး အကာအကွယ်ပေးထားတဲ့အတွက် ကလလတ တပ်ဖွဲ့တွေကဝင်စီးလို့ မရခဲ့ဘူးလို့သိရပါတယ်။
ဒါ့အပြင် တောင်ပေါ်မြေပြန့်တပြည်လုံးအနှံ့ဆင်နွှဲနေကြတဲ့ နွေဦးခုခံတော်လှန်စစ်မှာ (ကလလတ) အဖွဲ့အနေနဲ့ကျရာအခန်းကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားဝင်ပါဝင်လာပြီးပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေး လုပ်ငန်းတာဝန်တွေကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ဒီနေ့ဇူလိုင် ၁ရက်မှာထုတ်ပြန်ထားပါတယ်။
“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး” ဟာ ကျနော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ လတ်တလောရည်မှန်းချက်အဖြစ် တိတိကျကျထားရှိပြီး အကြမ်းဖက်(စကစ) စစ်အုပ်စု ကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က မည်သည့်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန် အလှန်နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းမှုတွေကို အဆင့်ဆင့် တည်ဆောက်သွားနိုင်ဖို့ အတွက်လည်း စိတ်ရောကိုယ်ပါ အဆင်သင့်ရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓာတ်ပုံ - အင်တာနက်
ပုံစာ - အာဏာသိမ်း စစ်တပ်က အသုံးပြုနေသည့် အပေါ့စားတိုက်လေယာဉ်
Source by : The Nation Voice
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။