Showing posts with label ကြော်ငြာ. Show all posts

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား……….
အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ လတ်တလော ဖြစ်ပေါ်ခံစားနေရသော
ပူပြင်းခြောက်သွေ့မှုဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှုဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး တတ်စွမ်းသမျှ ကူညီထောက်ပံ့နိုင်စေရေးအတွက် Lotus Foundation ညီအစ်ကိုမောင်နှမများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Lotus Foundation ညီအစ်ကိုမောင်နှမများအနေဖြင့် အမိမြန်မာပြည်၌ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံးကူညီထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို စတင်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့် စုံစမ်းသိရှိရပါသည်။ ယင်းသို့သောက်သုံးရေပေးဝေလှူဒါန်းသွားမည့်အစီအစဉ်များတွင် Lotus Foundation အနေဖြင့် ပူးပေါင်းပါဝင်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ လတ်တလော ဖြစ်ပေါ်ခံစားနေရသော
ပူပြင်းခြောက်သွေ့မှုဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှုဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး တတ်စွမ်းသမျှ ကူညီထောက်ပံ့နိုင်စေရေးအတွက် Lotus Foundation ညီအစ်ကိုမောင်နှမများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။Lotus Foundation ညီအစ်ကိုမောင်နှမများအနေဖြင့် အမိမြန်မာပြည်၌ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံးကူညီထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို စတင်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့် စုံစမ်းသိရှိရပါသည်။ ယင်းသို့သောက်သုံးရေပေးဝေလှူဒါန်းသွားမည့်အစီအစဉ်များတွင် Lotus Foundation အနေဖြင့် ပူးပေါင်းပါဝင်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့်နေရာဒေသအသီးသီးသို့ ဆက်လက်၍ သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သောကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း Lotus Foundation အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြောကြားခဲ့ပါသည်။
သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်းငွေများကို လာမည့် စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါ Lotus Foundation အသင်းဝင် ညီအကိုမောင်နှမများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
ယခုမျက်မှောက်အခြေအနေရဲ့ တစ်စိတ်တစ်ဒေသကိုတော့ အောက်မှာဖော်ပြထားတဲ့ Link တွေကတဆင့် သိရှိနိုင်ကြပါတယ်။
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-...
http://moemaka.blogspot.com/2010/05/water-donation-to-local-residen...
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-...
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-...
http://www.khitpyaing.org/index.php?route=detail&id=654
Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -
- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။
Foot note:
Forward မေးလ်မှတဆင့် ပြန်လည်မျှဝေပေးခြင်းပါ။ စင်ကာပူမှ သူငယ်ချင်းများက Lotus foundation မှတဆင့် ထည့်ဝင် ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့် ၀ိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။
အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်းသိရှိပြီး ဖြစ်မှာပါနော်။
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။
forever မှ သူငယ်ချင်းများအားလုံး ရေလိုအေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
PS
မေးလ်တစ်ခုထဲမှာတော့ ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇) ဆိုပြီး ဖုန်းနံပါတ်တစ်ခုပါလာတယ်။ ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။
ဒါမှမဟုတ်လည်း ရန်ကုန်နာရေးကူညီမှုအသင်းမှာ စုံစမ်းကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ညနေ lotus foundation နဲ့ တွေ့ဖို့ အစီအစဉ်ရှိတော့ သူတို့ကို သေချာမေးပြီး အကြောင်းပြန်ပေးပါမယ် ....
မြန်မာပြည်မှာဆိုရင်တော့ အဖွဲ့အစည်းတွေ အများကြီးရှိုပါလိမ့်မယ်။ ရန်ကုန်နာရေးကူညီမှု အသင်းမှတဆင့် လှူဒါန်းလိုသူများ
ကတော့ အောက်ပါနံပါတ်များမှ စုံစမ်းမေးမြန်းနိုင်ပါတယ်။
01 580133 , 01 581363, 01 709277 , 01 728089

အရေးပေါ်လိုအပ်ချက်အရ တဆင့်ဖော်ပြပါသည်။
source by :FORWARD MAIL
လူပျောက်ကြော်ငြာ
(မလေးရှား)
အမည် - မောင်မျိုးမင်းသန့် (အိမ်ခေါ်နာမည်တွတ်ပီ)
ပတ်စ်ပို့နံပါတ် - A-187313
အသက် - ၂၀ နှစ်ကျော် (၁၅၊ဒီဇင်ဘာ၊၁၉၈၉)
ပျောက်ဆုံးပုံ - ဓါတ်ပုံပါ မောင်မျိုးမင်းသန့်သည်- 15/4/2010 ရက်နေ့တွင် သင်္ကြန်အလှူပွဲ တစ်ခု၌ အဖော် တစ်ဦးနှင့် အတူ ဗွီဒီယို ရိုက်ကူးပြီး နေ့လည် ခန့်တွင် KL သို့အဖော်ဖြစ်သူနှင့်အတူ ၂ယောက်အတူ ပြန်ခဲ့ ပါသည်။ လမ်းတွင် ဦးလေးဖြစ်သူမှ ဖုန်းဆက်ကာ ကလန်းရှိ ၄င်း၏ ဆိုင်တွင် ကူညီ ပေးရန်သွားခိုင်းလိုက်သည်။သို့ဖြစ်၍ အတူပါ အဖော်နှင့်လမ်းခွဲကာ ကလန်းရှိ ဆိုင်သို့ တစ်ဦးတည်း ထွက်သွားပါသည်။ဆိုင်မှာ ဦးလေးဖွင့်ထားသော မြန်မာပစ္စည်းများရောင်းချသော ဆိုင်ဖြစ်ပါသည်။ သူ၏အဖော်မှာ KL ရှိနေအိမ်သို့ ပြန်လာခဲ့သည်။
ည ၇ နာရီလောက်တွင် ဆိုင်တွင်ရှိသော မိန်းမသား၂ဦးမှ လာရောက်ကူညီ ရောင်းချရန် KLမှလာသော အဆိုပါ မောင်မျိုးမင်းသန့် ဆိုင်သို့ ရောက်မလာသဖြင့် အိမ်ကို ဖုန်းဆက်မေး သဖြင့် စတင်ပျောက်ဆုံးကြောင်း သိရှိရပါသည်။ သိရှိလျှင် သိရှိ ခြင်းသူ၏ ကိုယ်ပိုင်ဟန်းဖုန်းကို ခေါ်ပါသည် ဖုန်းဝင်နေပါသော်လည်း ဖုန်းကို ကိုင်တွယ် ပြောဆို ခြင်း မရှိခဲ့ပါ ။ခဏ ခဏ ဆက်၍ ခေါ်ပါသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာ မရရှိခဲ့ပါ။ နောက်တနေ့ မနက်မှ စတင်ကာ ၄င်းကိုင်ဆောင်သော ဖုန်းအားခေါ် ဆို၍ မရတော့ပါ။
သို့ဖြစ်ပါ၍ နီးစပ်ရာ ရဲစခန်း နီးစပ်ရာ နေရာများသို့ လိုက်လံ ရှာဖွေ သော်လည်း ယနေ့ အထိ မတွေ့ရှိရပဲ မည်သို့ ဖြစ်သွားသည်က်ု အကြောင်းတစုံတရာ မသိရှိရ မကြားရသေးပါ။
သို့ဖြစ်ပါ၍ ဓါတ်ပုံပါ မောင်မျိုးမင်းသန့် အားမည်သည့်နေရာ တွင် မဆို တွေ့ရှိပါက အမြန်ဆုံး အောက်ပါဖုန်းနံပါတ်သို့ အကြောင်းကြား ပေးပါရန် လေးစားစွာဖြင့် အကူညီ တောင်းအပ်ပါသည်။
ဆက်သွယ်ရန်-
ဖုန်း - 0122651742
(မလေးရှား)
![]() |

Subscribe to:
Posts (Atom)