Showing posts with label ဓါတ်ပုံ. Show all posts

မိုးမခ | အရပ်ဝတ် ကြံ့ဖွံ့ အစိုးရသစ်၏ ရန်ကုန် မြို့တော်ဝန် အသစ် တက်လာပြီး သီတင်းပတ် အနည်းငယ် အကြာတွင် နှစ်အတန်ကြာ မပြင်ဆင်ပဲ ထားခဲ့သည့် ရန်ကုန် မြို့တော် ခန်းမအား ပြင်ဆင်လျက် ရှိသည်ကို မြင်တွေ့ရစဉ်၊ နဂိုအ၀ါရောင် မှ ယခုအခါ အပြာနုရောင်သို့ ပြောင်းသုတ်ခဲ့သည်ကို တွေ့ရသည်။ နကို ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းအား မြို့တော်ဝန်သစ် ဦးလှမြင့် ဖြင့် အစားထိုးပြီးနောက် ယခုလို ပြုပြင်မှု လုပ်ဆောင်လျက် ရှိခြင်း ဖြစ်သည်။
ဘစောတင် | ကရင်ပြည်နယ် မြ၀တီမြို့  အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ယမန်နေ့ ညဦးပိုင်း ၈ နာရီ ကျော်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်း ရရှိသည်။
အမည်မသိ လူငယ် ၂ ဦး စီးလာသော ဆိုင်ကယ် တစီးတွင် ပါလာသည့် ဗုံးတလုံး မြ၀တီမြို့ ဘုရင်နောင် လမ်းမပေါ်ရှိ လူစည်ကားသော ညဈေးတန်း၏ ဆိုင်ကယ် ရပ်နားရာနေရာ အနီးတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
နအဖ စစ်တပ် တပ်မ ၄၄ မြ၀တီမြို့တွင် လက်နက်ကြီးများဖြင့် အင်အား ဖြည့်တင်းနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)ယင်း ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပေါ် ပါလာသည့် လူငယ် ၂ ဦး၏ ခန္ဓာကိုယ်မှာ တစစီ လွင့်စင် သွားခဲ့ကြောင်း မြ၀တီမြို့ မှ ဆိုင်ကယ် တက္ကစီသမား တဦးက ဧရာဝတီ သို့ ပြောသည်။
“ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်ပါ မီးလောင် သွားတယ်ဗျ။ ဆိုင်ကယ် စီးလာတဲ့လူ ၂ ယောက်လုံး အပိုင်းပိုင်း အပြတ်ပြတ်ပဲ။ မြင်မကောင်းဘူး။ ခါးကနေ ပိုင်းသွားတာ။ ခြေထောက် တွေလည်း ပြတ်ပြီး လမ်းတဖက်ခြမ်း အထိ ရောက်တယ်” ဟု ၎င်းက ဆိုသည်။
ဗုံးပေါက်ပွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အမျိုးအစားမှာ ဟွန်ဒါ Dream 125 အနက်ရောင် ဖြစ်ပြီး ဆိုင်ကယ် စီးလာသူများမှာ ပြောက်ကျား ဘောင်းဘီကို ၀တ်ဆင် ထားကြောင်း ယင်းတို့ ၏ မျက်နှာ ပုံပန်း သဏ္ဍာန်အရ အိန္ဒိယ ကုလား လူမျိုးများ ဖြစ်ကြောင်း ဆိုင်ကယ် တက္ကစီသမားက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဈေးသည်များ၊ ဈေးလာသူများ ရုန်းရင်း ဆန်ခတ် ထွက်ပြေး ကြကြောင်း၊ မကြာမီ အာဏာပိုင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားရာနှင့် အနီးတ၀ိုက်ကို ပိတ်ဆို့ထား လိုက်ကြောင်းလည်း သိရသည်။
မြ၀တီ ရဲစခန်းမှ ရဲတဦးကလည်း “မိုးရွာနေလို့သာ တော်တော့ တယ်ဗျာ။ မိုးမရွာလို့ကတော့ လူပေါင်းများစွာ သေနိုင်တဲ့ ပေါက်ကွဲမှုမျိုးဗျ။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျနော်တို့ သုံးသပ်ကြ တာကတော့ ဒီလူ ၂ ယောက်ဟာ ဆိုင်ကယ်ဗုံး ထောင်မလို့ လာရင်း လိုရာခရီး မရောက်ခင် ပေါက်သွားတာ ဖြစ်မယ်”ဟု ဆိုသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အနီးတွင် ဒသမ ၃၈ ဗို့ ခြောက်လုံးပြူး တလက် ပျက်စီးလျက် တွေ့ ရှိရကြောင်း၊ ဟွန်ဒါ Dream 110 အမျိုးအစား တစီးမှာလည်း လဲကျလျက် အနည်းငယ် ပျက်စီးသွားကြောင်း၊ အဆိုပါ ညဈေး၏ အိမ်သာ အနီးတွင်လည်း မပေါက်ကွဲ သေးသည့် လက်ပစ်ဗုံး တလုံးကို တွေ့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကောလာဟလများ ပေါ်ထွက်ခဲ့ သော်လည်း လူ ၄ ဦးကိုသာ ဆေးရုံတွင် လက်ခံကုသ ထားကြောင်း မြ၀တီဆေးရုံနှင့် နီးစပ်သူ တဦးက ပြောသည်။
“မနေ့က ပေါက်ကွဲမှုကြောင့် လူနာ ၄ ဦး ရောက်လာတယ်။ ကလေးမလေး တယောက်ပါတယ်။ ကျန်တာ တွေကတော့ လူကြီးတွေ”ဟု ၎င်းက ဆိုသည်။
ယင်းလူနာများမှာ မြ၀တီမြို့အမှတ် (၈) ရပ်ကွက်မှ ကျော်ကျော် အသက် (၂၀) အရွယ်၊ အမှတ် (၄) ရပ်ကွက်မှ မပွင့်ဖူးအောင် အသက် (၁၀) နှစ်၊ မရီရီဝင်း အသက် (၃၅) နှစ်နှင့် အခြား အမျိုးသမီးတဦး မြ၀တီ ဆေးရုံတွင် ဆေးကုသ ခံနေရသည် ဟုလည်း ၎င်းက ပြောဆိုသည်။
ယခု ဗုံးပေါက်ကွဲမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကို မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုဗုံးပေါက်သည့် မြ၀တီမြို့သည် စစ်အစိုးရ အာဏာပိုင်များ၊ တပ်ဖွဲ့ဝင်များ၊ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားနေသည့် ထိုင်း-မြန်မာ နယ်စပ် မြို့ဖြစ်ပြီး ကရင်ပြည်နယ် အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများလည်း ရှိနေသည်။
ယခုရက်ပိုင်းအတွင်း DKBA တပ်ဖွဲ့ ဝင်များကို နယ်ခြားစောင့်တပ် ဖွဲ့ စည်းရန် နအဖက ဖိအားပေးရာ လက်ခံသည့် တပ်များရှိသကဲ့သို့ လက်မခံသော တပ်များလည်း ရှိသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို KNU တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။
စစ်ဗိုလ်ချုပ်ကြီးများ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။
ယင်းနောက်ပိုင်းတွင် မြ၀တီမြို့တွင် နအဖ စစ်အင်အားများ တိုးချဲ့ချထားပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ များက ဆိုသည်။
နယ်စပ်ဒေသရှိ လေ့လာသူများ အဆိုအရ ဆက်လက် ပိတ်ထားဆဲ ဖြစ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေးမှာ မလွယ်ကူ သေးကြောင်း သိရသည်။

source by :ဧရာဝတီ
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲပါ့သည်။(၂၁.၉.၂၀၀၉ )ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ များ ၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ဓါတ်ပုံများမျှဝေပေးသော ကိုဝဏ္ဏ နှင့်http://kamikaze-2010.blogspot.com/ အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
![]() လှေဆိပ်မဟုတ်ပါ။ ကားမှတ်တိုင်ပါ။ မနေ့ မနက်က မိုးလင်းခါစမှာပဲ ၂နာရီသာသာလောက် မိုးကောင်းလိုက်တာ ရန်ကုန်တမြို့လုံး ရေကြီးတော့တာပါပဲ။ |
ရန်ကုန်မှာ မိုးများ ၁နာရီကျော်လောက် တောက်လျှောက် ကောင်းပြီ ဆိုရင်လမ်းတွေ အားလုံးရေလျှံ၊ ကားတွေ စက်ရပ်ကုန်၊ လမ်းတွေပိတ်၊ လူတွေလည်း ခါးတောင်းကျိုက်ပြီး ချောင်းထဲကို ဖြတ်ကြရတော့တယ်။ |
![]() မြောင်းအဖုံးတွေကလည်း ပေါက်ပြဲနေတာကြောင့် ရေမြုပ်နေချိန်မှာ ဘယ်နေရာမှာ မြောင်းပေါက်လဲ ဆိုတော မမြင်တော့ သွားနေကျ မဟုတ်သူ တွေဆို မြောင်းထဲခြေ ချော်ကျ၊ ရေထဲမျောပါနဲ့ မကြာခဏ ကြားသိနေရတာပါ။ |
![]() ဘုန်းဘုန်းတို့၊ ကိုရင်တို့လည်း ဆွမ်းမရ |
![]() မုန့်ဟင်းခါး တပွဲ ၂၀၀ |
![]() ၀ယ်သူမဲ့ ရေထဲကဆိုင် |
![]() ဂျင်းဘောင်းဘီဆိုတော့ မ စရာမလိုတော့ |
![]() ရေထဲမှာ ကိုယ့်သခင်နဲ့ ပျော်နေတဲ့ ခွေး |
ဝိုင်းတွန်းမှ ခရီးရောက်မယ်။ ကားတွန်းလျင် ရွေ့နိုင်ပေမယ့် နအဖကတော့ တွန်းပေမယ့် ခုထိ မရွေ့သေး |
သတင်း မင်းမင်း ဧရာဝတီ | “ရေက ကျုပ်တို့အောက်မှာ ရှိတုန်းကတော့ အဆင်ပြေတယ်၊ ရေက ကျုပ်တို့ အပေါ်ကို ရောက်လာတော့ ကျုပ်တို့ သေပြီပေါ့” အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သော ဦးတိုးက ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အကြောင်းကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်းသည် တနာရီ ကီလိုမီတာ ၂ဝဝ နီးပါး တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်သည်။ မုန်တိုင်း အပြီးတွင် အနည်းဆုံး လူပေါင်း ၁၃၇ ဝဝဝ သေဆုံးပြီး လူပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်သွားသည်။ နာဂစ်၏ ဒဏ်ကို ခံခဲ့ရသူများသည် မြေသြဇာ ကောင်းသော မြစ်ဝကျွန်းပေါ် ဒေသကို သဘာဝ အရင်းအမြစ်အဖြစ် မှီခိုခဲ့သူများဖြစ်သည်။ နာဂစ် ဆိုင်ကလုန်းဒဏ်ကို အပြင်းထန်ဆုံး ခံရသည့် ဒေသမှာလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ဖြစ်သည်။
နာဂစ်၏ ဒေါသမှ လွတ်မြောက်ခဲ့သူများမှာ မကြာမီမှာပင် သောက်သုံးရေအတွက် အခက်ကြုံကြရသည်။ သောက်သုံးရေအတွက် အားကိုးခဲ့ရသည့် ရေတွင်း၊ ရေကန်များမှာ ပင်လယ်ရေများ ဝင်လာသဖြင့် အသုံးပြု၍ မရတော့ပေ။ သောက်ရေအိုး၊ စဥ့်အိုးများမှာလည်း မုန်တိုင်းအတွင်း ပျက်စီးသွားသည်။ သောက်ရေ ရရေးအတွက် ရှိသမျှ ပုံးများ ခွက်များဖြင့် တန်းစီ စောင့်ဆိုင်းသည့် လူတန်းရှည်များမှာ ကယ်ဆယ်ရေး လုပ်ငန်းများ အစပြုစဉ်က တွေ့ရတတ်သည့် မြင်ကွင်းများ ဖြစ်သည်။
ရေ ရရှိမှု နှင့် လယ်သမား အရေအတွက် အားကောင်းခဲ့သောကြောင့် ဤဒေသက ကမ္ဘာ့ စပါးကျီတခု ဖြစ်ခဲ့သည်။ ရေအရင်းအမြစ် များကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ နေလှန်းဆား လုပ်ငန်း၊ ငါး နှင့် ပုစွန် မွေးမြူရေး လုပ်ငန်းများ အဆင်ပြေခဲ့ကြသည်။
လူသားတို့ကြောင့် ပြီးခဲ့သည့် နှစ်များ အတွင်း မြစ်ဝကျွန်းပေါ် ဒေသတွင် မြေမျက်နှာသွင်ပြင် ပြောင်းလဲ သွားသည်။ ထို့ကြောင့် ဆိုင်ကလုန်း အပါအဝင် ဒီရေလှိုင်းကြီးများ၊ လေပြင်း မုန်တိုင်းဒဏ်များကို ခံနိုင်စွမ်းရှိသည့် သဘာဝ အနေအထားလည်း အားနည်း သွားရသည်။ ငါးကန်၊ ပုစွန်ကန်၊ မီးသွေးလုပ်ငန်း စသည်တို့ကြောင့် ဒီရေတောများ ပြုန်းတီးသွားသဖြင့် ဤအပြောင်းအလဲက ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း တဖြည်းဖြည်း ကြီးထွားလာသည်။ ကျေးလက်ဒေသ နေအိမ် အမိုးများ အတွက် လိုအပ်သော ဓနိပျစ်များအတွက် ဓနိပင် အများအပြားကိုလည်း ခုတ်လှဲခဲ့ကြသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ဒေသခံများ သောက်သုံးရေ သယ်ဆောင်၊ သိုလှောင်ရန်အတွက် ပလတ်စတစ်ပုံး အများအပြား တင်သွင်းကြသည်။ မြန်မာပြည် ဒေသအသီးသီးမှ မြေအိုး၊ စဥ့်အိုးများလည်း ဝယ်ယူကြသည်။
မုန်တိုင်းအပြီးတွင် ရေကန်၊ ရေတွင်းများကို သန့်ရှင်းရေး အကြိမ်ကြိမ် လုပ်ကြသည်။ သို့သော်လည်း ဆားငန်ရေက မြေအောက် ရေအရင်းအမြစ်များ အထိ ရောက်ရှိသွားသဖြင့် ရေတွင်း ရေကန်များ သန့်စင်ရေး လုပ်ငန်းများမှာ အနည်းငယ်သာ ထိရောက်သည်ဟု နာဂစ် ဒုက္ခသည်များက ရှင်းပြသည်။ ထို့ကြောင့် ရေတွင်းအသစ် တူးဖော်သည့် နည်းလမ်းမှာလည်း အလုပ်ဖြစ်မည့် နည်းလမ်း မဟုတ်နိုင် ဟု ဆိုသည်။
နိုင်ငံတကာ နှင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ရေသန့်စင်သည့် စက်များ ဖြန့်ဝေထားပြီး ကျေးလက်ဒေသများတွင် သောက်ရေ ရရှိရေးကို ဆောင်ရွက်နေသည်။ သို့သော်လည်း မြစ်ဝကျွန်းပေါ်ဒေသ ရေအကြပ်အတည်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။
(မင်းမင်းသည် IPS သတင်းဌာန၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ သတင်းထောက်ဖြစ်သည်။ ဤသတင်းကို ဧရာဝတီအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်)
![]() မြစ်ဘေးမှ ပျက်စီးသွားသော အိမ်တလုံး (ဓာတ်ပုံ - Minn Minn/IPS Asia-Pacific) |

![]() ![]() ![]() ![]() ![]() ![]() အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ။ |
ထိုင်းကြည်းတပ် ဗိုလ်မှူးကြီးက Koh Sai Baed ကျွန်းသို့ရောက်ရှိလာသော ၎င်းတို့အား သွားရောက် စစ်ဆေးပုံများကို မကြာသေးမီက Reuters သတင်းဌာက ရရှိခဲ့သည်။ အဆိုပါ အလုပ်အကိုင် ရှာဖွေသူများမှာ အစ္စလမ်ဘာသာဝင် ရိုဟင်ဂျာများဖြစ်သည်ဟု ဆိုသည်။ ထိုင်းအာဏာပိုင်တို့က ၎င်းတို့အား ပင်လယ်တွင်းသို့ ပြန်လည်စေလွတ်ခဲ့ပြီးနောက် ရာနှင့်ချီ၍ ပျောက်ဆုံးခဲ့သည်ဟူသော သတင်းမှာ နိုင်ငံတကာထိပ်တန်းသတင်းတပုဒ် ဖြစ်နေသည်။ (photos: Reuters)
Subscribe to:
Posts (Atom)