ဇူလိုင် ၆၊ The Nation Voice 

စောဖိုးခွါး

ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့ကတည်းက အင်အား ၃၀၀လောက်နဲ့စစ်ကြောင်းထိုးခံနေရတဲ့ စေတုတ္တရာနယ်ဘက်ကို ဒီနေ့ဇူလိုင်လ ၆ ရက်မှာ အာဏာသိမ်းစစ်တပ်က တင့်ကား ၂စီးအပါအဝင် စုစုပေါင်း စစ်ကားအစီး ၃၀လောက်နဲ့ထပ်မံအင်အားဖြည့်လာတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

လေ့ကျင့်ရေးလုပ်နေသည့် အာဏာသိမ်းစစ်တပ်၏ တင့်ကားများအားတွေ့ရစဉ် ပုံဟောင်းအသုံပြုထားခြင်းဖြစ်သည်။ ဓာတ်ပုံ - အင်တာနက်

"စစ်သားအပြည့်ပါ။ ရှေ့ပွိုင့် က၂စီး လူ ၅၀လောက်ပါတယ်။ အဲ့ကြားထဲမှာတင့်ကားက ၂စီးပါတယ်။ နောက်ထပ်က ၂၂စီးအင်အားအပြည့်ပဲ။ ၃၀ဆိုတာမမှားဘူး အားလုံးပေါင်း ၃၀လောက်ရှိတာပေါ့။ အဲ့တော့ဒေသခံပြည်သူတွေအနေနဲ့ဒါကိုကြိုတင်ပြီးတော့ ပြင်ဆင်နိုင်ဖို့အတွက်အသိပေးလိုတယ်"လို့ တော်လှန်ရေးရဲဘော် ဗိုလ်ကြက်ဖက The Nation Voice ကိုပြောပါတယ်။

အခုလိုအင်အားထပ်ဖြည့်လာတာကြောင့် စေတုတ္တရာနယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးအသင့်ပြင်ထားရတယ်လို့သိရပါတယ်။

"အရင်ရောက်နှင့်နေတဲ့ ကောင်တွေကလည်း ၆၀ ကို မိုးရွာသလို ပစ်တာ။ စက်လတ် အသံဆို ဂုတ်ဂုတ်ဆိုတာ ခေါင်းကို ဖေါ်မရဘူး။ ကျည်အား ကလည်း တကယ့်ပစ်အားနဲ့ တက်တာ ခုလက်ရှိက တော့ထပ်အင်အား ဖြည့်လာတယ်။ ရှိသလောက်အားနဲ့တော့ ပြင်ဆင်ထားရတာပေါ့"လို့ မင်းဘူးခရိုင်တပ်ရင်း ၃ ရဲ့တာဝန်ရှိသူတစ်ဉီးကလည်း လက်ရှိစစ်ရေးအခြေအနေတွေကို TNV ကိုပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ပြီးခဲ့တဲ့လတွေအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးတာတွေများခဲ့တာကြောင့် အခုလို အင်အားရာချီနဲ့စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

ဇူလိုင်လ ၂၈ကစပြီး အာဏာသိမ်းစစ်တပ်ဘက်က စေတုတ္တရာနယ်ဘက်ခြမ်းကို နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး အင်းအား ၃၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရသလို အချို့ ဒေသခံတွေမှာလည်း PDF ဆိုပြီးစွပ်စွဲဖမ်းဆီးခံထားရပါတယ်။

တိမ်းရှောင်နေရတဲ့ ပြည်သူတွေမှာလည်း ခုလက်ရှိဖျားနာတာတွေများနေတာကြောင့် ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။

Source by : The Nation Voice

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။