ဇူလိုင် ၄ ၊ The Nation Voice 

မောင်ခဲတံ 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဆီမှာ အင်အားက ဆယ်ဂဏန်းလောက်သာရှိတော့တာဖြစ်လို့ ဂိတ်လုံခြုံရေးတောင် အပြည့်အဝမချထားနိုင်တော့ဘူးလို့ သိရပါတယ်။ “ဆောက်ထားတဲ့ဘန်ကာတွေသွားကြည့် အလွတ်တွေ။ စစ်မှုထမ်းဟောင်းတွေတောင် ပြန်ခေါ်သုံးနေရတဲ့အနေအထားဖြစ်နေပြီ။ ဒီကြားထဲ လူကြီးလမ်းကြောင်းအတွက် လုံခြုံရေးယူပေးရမယ်။ ကိစ္စတခုခုအတွက် လုံခြုံရေးယူရမယ်ဆိုရင် တပ်ထဲမှာ စစ်သားဆိုတာမရှိတော့ဘူး”လို့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၏ အထူးတပ်ဖွဲ့မှတပ်သားများ

အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်မှာ လမ်းဆုံ၊ လမ်းခွ၊ အကျဉ်းထောင်၊ မီတာရုံး၊ စစ်ကြောရေး၊ အစိုးရဌာန အစရှိတဲ့နေရာတွေမှာလည်း လုံခြုံရေးယူပေးထားရသလို လှည့်ကင်းပတ်ရတဲ့အနေအထားတွေရှိပေမယ့် အင်အားမလုံလောက်တော့တာကြောင့် လှည့်ကင်းတောင် အရင်ကလို မပတ်နိုင်တော့ဘူးလို့ သူကဆက်ပြောပါတယ်။
 
ရန်ကုန်မှာ လက်ရှိ လုံခြုံရေးယူပြီး ရှေ့တန်းအတွက်လည်းပါဝင်နေရတဲ့တပ်တွေက ခြေမြန်တပ်ရင်းအမှတ် (၁၀၆) ထောက်ကြံ့ - မင်္ဂလာဒုံအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၃၀၃) တိုးကြောင်ကလေး အခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၃၁၃) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၁) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၂) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၃) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၄) ဖူးကြီးအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၉) တိုက်ကြီးအခြေစိုက်နဲ့ ခြေမြန်တပ်ရင်းအမှတ် (၇၁၀) တိုက်ကြီးအခြေစိုက်တို့ဖြစ်ပါတယ်။ 

အဲဒီတပ်တွေရဲ့ ဖွဲ့စည်းပုံအင်အားဟာ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို ပြည့်မီတာမျိုးမရှိတော့ပေမယ့် တာဝန်ယူထားရတဲ့ တပ်ရင်းမှူး၊ ယာယီတပ်ရင်းမှူးတွေက အင်အားပြည့်မီမှုရှိတယ်ဆိုပြီး စာရင်းတင်ပြကာ လစာ ထုတ်စားနေတယ်လို့လည်း အဲဒီသတင်းအရင်းမြစ်ကဆိုပါတယ်။ ရန်ကုန်က တပ်ရင်းတပ်ဖွဲ့တွေဟာ မြို့လုံခြုံရေးအပြင် တပ်မိသားစုတွေရဲ့လုံခြုံရေးကိုလည်း ယူပေးထားရတဲ့အခြေအနေဖြစ်သလို အသစ်ဆောက်လုပ်ထားတဲ့ ဘန်ကာတွေမှာပါ နေရာယူထားရတာတွေရှိနေပါတယ်။ 

 ပုံစာ - အာဏာသိမ်းစစ်တပ်၏ အထူးတပ်ဖွဲ့မှတပ်သားများ 

 Source By : The Nation Voice

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။