ဧရာဝတီတိုင်းမ် | ဇူလိုင်လ ၁၄ ရက် 

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး အာဏာသိမ်းစစ် ကောင်စီက လျစ်လျှူရှုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားလိုက်ပါ တယ်။ ထိုင်းနိုင်ငံက မကြာသေးမီလတွေအတွင်း အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေနဲ့ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ သီးခြားထိတွေ့မှုတွေ ပြုလုပ်ခဲ့လင့်ကစား ဘုံသဘောတူညီချက် ၅ ရပ်က မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ အကောင်းဆုံးမျှော်လင့်ချက်လို့ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ ဖျက်ဆီးတာ အပါအဝင် အကြမ်းဖက်မှုအပြုအမူတွေကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ လက်တွေ့ကျသော အရေးယူမှုတွေလုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး ပတ် ဝန်းကျင်တစ်ခုဖန်တီးဖို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ပြောပါ တယ်။ နှစ်ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးကို နိုင်ငံရေးအရအဖြေရှာ ဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာရဲ့ဝေဖန်မှုကို ဥပေက္ခာပြုကာ အတိုက်အခံတွေနဲ့ ထိတွေ့ဆက် ဆံဖို့ ငြင်းဆန်တာကြောင့် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာသည်အထိ အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု တွေက အချည်းနှီးဖြစ်နေဆဲပါ။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ရာမှာ စကားလုံးအသုံးအနှုန်းတွေကြောင့် ကြန့်ကြာမှုဖြစ်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဉီးက ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်အချို့က စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလိုပေမယ့် နိုင်ငံအချို့က အကြမ်းဖက် မှုတွေ ရပ်ဆိုင်းကာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အခြေခံအကျဆုံးလို့ ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပြီလို့ အာဆီယံသံ တမန်အချို့က ထုတ်ဖော်ပြောပါတယ်။

ကိုးကား - AFP

Ref; Divided Asean condemns Myanmar violence again, supports five-point plan

Source by : Ayeyarwaddy Times

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။