ရန်ကုန် အခြေစိုက် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ HRDP မှ ဦးမြင့်အေး အပါအ၀င် ၃ ဦးကို မကြာသေး ခင်က စစ်အာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း HRDP အဖွဲ့ဝင် တဦးက ပြောသည်။
![]() ဦးမြင့်အေး |
“ကျနော်က ၅ နာရီလောက်မှာ ဦးမြင့်အိမ်ပေါ် တက်သွားတာ၊ အဲဒါ ကျနော့် ကိုပါ ပေးမဆင်းတော့ဘူး၊ ထိုင်နေရ တယ်၊ အဲဒါနဲ့ သူတို့ ရှာတာဖွေတာကို ကိုယ်လည်း ကြည့်နေရတာပေါ့ ၊ ရှာဖွေပြီးတဲ့ အခါကျတော့ သူ့တို့ သိမ်းတဲ့ ပစ္စည်းတွေကို လက်မှတ်ထိုးခိုင်းတယ်၊ နောက်တခါ ရဲ မှူး ကြီးက နေစပြီး သူတို့ ပါလာတဲ့ လူ အားလုံးကို အိမ်ရှင် ကို ရှာခိုင်းတယ်၊ အိမ်ရှင် စိတ် အနှောင့်အယှက်ဖြစ်စေမယ့် တစုံတရာ အပြုအမူ မရှိပါဘူးတို့ ၊ နောက် ရှာဖွေစဉ် ငွေကြေးနဲ့ တခြားအဖိုးတန်ပစ္စည်း ပျောက်ရှခြင်း မရှိကြောင်းတို့၊ အဲဒါတွေကို ဦးမြင့်အေး ဇနီး အိမ်ရှင်ဒေါ်လဲ့လဲ့ ၀င်းကို လက်မှတ်ထိုးခိုင်း တယ်”ဟု ကိုမောင်မောင်လေးက ပြောပြသည်။
ဦးမြင့်အေး၏ အိမ်အား အာဏာပိုင်များက တနာရီခွဲခန့် မွှေနှောက်ရှာဖွေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဌ ဦးအောင်ရွှေသို့ လိပ်မူပို့သည့်စာနှင့် စာရွက်စာတမ်းတချို့အပါအ၀င် ၁၉၇၆ ခုနှစ်က အစိုးရထုတ်သည့် အဓိကရုဏ်း နှင့် ပတ်သက်သည့် စာအုပ်၊ HRDP အဖွဲ့၏ နာဂစ် ကူညီရေးလုပ်သည့် အချက် အလက်များ၊ ယင်း နာဂစ် ဒုက္ခသည်များ ကိုယ်တိုင် အကူအညီတောင်းခံထားသော စာများကို ရှာဖွေပုံစံ နှင့် သိမ်းဆည်းသွားကြောင်းလည်း ၎င်းက ဆိုသည်။ ဦးမြင့်အေး၏ နေအိမ်တွင် အန်အယ်လ်ဒီ ရုံးခန်း အငှားထား သည်ဟု သိရသည်။
အလားတူ သြဂုတ်လ ၆ ရက်နေ့ ညကလည်း HRDP အဖွဲ့မှ ကိုမျိုးမင်း နှင့် ကိုသန့်ဇော်မြင့်တို့ ၂ ဦးကို အာဏာ ပိုင်များက ဖမ်းဆီးခဲ့သောကြောင့် HRDP မှ ဖမ်းဆီးခံရသူပေါင်း ၃၀ ၀န်းကျင်ခန့် ရှိပြီဖြစ်ကြောင်း ကိုမောင်မောင် လေးက ပြောသည်။
ဦးမြင့်အေးသည် လွန်ခဲ့သည့် မတ်လ ကုန်ပိုင်းကလည်း စမ်းချောင်းမြို့နယ်တွင် အမည်မသိသူ တဦး၏ ချောင်း မြောင်း အရိုက်ခံရသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ၅ ချက်ချုပ်ရကာ ဆေးရုံတွင် တညတာ ဆေးဝါးကုသမှု ခံယူခဲ့ရသေးသည်။
အဆိုပါ ဦးမြင့်အေးသည် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌဟောင်းလည်းဖြစ်သည်။ ၎င်းသည် လူ့အခွင့် အရေး စာရွက်စာတမ်းများ ဖြန့်ဝေသည့်အတွက်၂၀၀၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က စစ်အာဏာ ပိုင်များ၏ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
HRDP အဖွဲ့ဝင်များသည်၂၀၀၇ ခုနှစ် ဧပြီလအတွင်းက ဟင်္သာတမြို့နယ် အုပ်ပုံရွာတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကို လှည့်လည်ရှင်းလင်းစဉ် ကြံ့ဖွံ့များ၏ အကြမ်းဖက်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ အဆိုပါအကြမ်း ဖက် မှုကြောင့် HRDP အဖွဲ့မှ ကိုမောင်မောင်လေးနှင့် ကိုမြင့်နိုင်တို့ ၂ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ ကြပြီး ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးဝါးကုသမှု ခံယူခဲ့ကြရသည်။
နောက်ဆုံး အခြေအနေအရ ကိုမြင့်နိုင်မှာ လက်ရှိ ဟင်္သတ အကျဉ်းထောင်ထဲတွင်ပင်ရှိနေပြီး အမှုရင်ဆိုင်နေရ ကြောင်းနှင့် HRDP အဖွဲ့ဝင်တဦးဖြစ်သူ အသက် ၆၀ ကျော် ဦးဘငြိမ်းသည် ဟင်္သတ အကျဉ်းထောင်အတွင်း လေဖြတ် ဝေဒနာ ၂ ကြိမ် ခံစားနေရသောကြောင့် စကားကောင်းစွာ မပြောနိုင်ကြောင်း ကိုမောင်မောင်လေးက ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။