Cambodia-Thailand border,April 28, 2011 (ဓါတ်ပုံ AFP)
ဗုဒ္ဓဟူးနေ့ တညလုံး ဖြစ်ပွားတဲ့ နယ်စပ် တိုက်ပွဲ အတွင်းမှာ ထိုင်း စစ်သား ၁ ဦး၊ အရပ်သား ၁ ဦး သေပြီး၊ စစ်သား ၁၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီအတော အတွင်းမှာ ဆူရင် ပြည်နယ်၊ ဖနွမ်ဒုံရတ် ခရိုင် အတွင်းက ရွာသား ၃ ယောက်ကို ကမ္ဗောဒီးယား စစ်သားတွေ အတွက် စားနပ် ရိက္ခာတွေ ပေးနေသလို ကမ္ဗောဒီးယား ဒုံးပျံ ပစ်ခတ် တိုက်ခိုက်မှု အတွက် ပစ်မှတ် တည်နေရာ အညွှန်း တွေပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီး လိုက်ပါတယ်။ သက်သေ အထောက်အထား မခိုင်လုံလို့ ကျေးရွာ သူကြီးဟောင်း ဆနတ်ဖင်ခေါက် ကို ပြန်လွှတ် ပေးလိုက် ပါတယ်။ ဒါပေမဲ့ ခန်ဖန် ဝေါင်ဆာနဲ့ ဆားမ်ဆုတ် ဖိုချိုင်း ကိုတော့ ဆက်မေးစရာရှိ လို့ ထိန်းသိမ်း ထားတုန်းပါ။

သူတို့တွေ စားနပ်ရိက္ခာတွေဝယ်ပြီး ကမ္ဗောဒီးယားစစ်သားတွေကို ဝေပေးနေတယ်။ ဆိုတဲ့ သတင်းကို စစ်တပ်က ရပြီး နောက်မှာ ဒီဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။ BM 21 ဒုံးတွေ နောင်ခန်နား ရွာထဲကို မကြာခဏ ကျနေလို့ စစ်တပ်ကလည်း သံသယရှိလာတာပါ။ ရဲက သူတို့ဖုန်းထဲမှာ ကမ္ဗောဒီးယား ဖက်က သုံးတဲ့ ဒေသကုဒ် နံပတ်တွေ အများကြီး ရှာဖွေ တွေ့ပါတယ်။ မနေ့မနက် ၈ နာရီ ၂၀ မှာ ပြီးသွားတဲ့ နောက်ဆုံး တိုက်ပွဲ အပြီးမှာ ထိုင်း စစ်သား ၆ ယောက်နဲ့ အရပ် သား ၂ ယောက် သေပြီး စစ်သား ၅၈ ယောက် ဒဏ်ရာရပါတယ်။ ထိုင်း စစ်သားတွေက လက်နက် ငယ်တွေ စိန်ပြောင်းတွေနဲ့ မပစ်မီ ဆူရင် ဒေသမှာရှိတဲ့ ထာမူအင်နဲ့ ထာခွိုင် ဘုရားကျောင်း ထဲကို ကမ္ဗောဒီးယားတွေ အများကြီး ၀င်လာတဲ့ အချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီ ၀န်းကျင် လောက်မှာ တိုက်ပွဲ စဖြစ်တာပါလို့ စစ်ဖက်ပြောရေးဆို ခွင့်ရှိသူ တဦးက ပြောပါတယ်။ မနက် ၄ နာရီ ၀န်းကျင် လောက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပါတယ်။ ထိုင်းစစ်သား တွေရှိတဲ့နေရာကို ဒုံးတွေ အမြောက်ဆံတွေ အကြီးအကျယ် ထိမှန်ပါတယ်။ ဒါပေမဲ့ မနက် ၆ နာရီလောက်မှာ ထိုင်းဖက်က ကမ္ဗောဒီးယား စစ်သားတွေကို အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့ပါတယ်။

ဆူရင်မှာရှိတဲ့ အစိုးရဆေးရုံ ၂ ရုံနဲ့ ဆေးခန်း ၁၅ ခန်း ကို ပိတ်ထားပါတယ်။ ဆေးခန်း ၉ ခန်းကိုတော့ ဖွင့်ထားပါသေး တယ်။ အခြေအနေ ဆိုးတဲ့ လူနာတွေကိုတော့ နယ်စပ်က ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ ဆေးရုံတွေကို ပြောင်းရွှေ့ ထားပါတယ်။

ဧပြီ ၂၉၊ ၂၀၁၁ (The Nation)

source by : နေ့သစ်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။