ခင်ဗျား ပြောသလိုပဲပေါ့ဗျာ… ။

ကျွန်တော်ဟာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ သဘောထား ဆန္ဒတွေကို ကျွန်တော့်သဘောနှင့်ကျွန်တော် လွတ်လပ်စွာ ပြန်ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဒီစာကို ရေးခြင်းဖြစ်တယ်ဆိုတာ ခင်ဗျားသိစေချင်တယ်ဗျ...။ ဆိုလိုတာကတော့ နောက်ကွယ်ကနေ မြှောက်ပင့် အားပေးနေတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပဲဗျ။

"မစု ကြွေးကြော်ခဲ့တာက မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ မစု လုပ်ဆောင် ကြိုးပမ်းခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံချောင်လည်ဖို့ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တခြားစီဖြစ်နေတာကို ရှင်းလင်းစွာ သိမြင်နိုင်ပါတယ် မစု"

ဒါ ခင်ဗျားရေးခဲ့တဲ့ စာပါ.......။ ဟုတ်တယ်နော်....။

Democracy ဆိုတာ ဘာမှန်းမသိတဲ့ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအတွက် တောင်းဆို လုပ်ဆောင်ပေးနေတာကို မှားယွင်းတဲ့လုပ်ရပ်လို့ ခင်ဗျားစွပ်စွဲတာဟာ ခင်ဗျားရဲ့ေ_ာက်သုံး မကျတဲ့ မိုက်မဲမှုပဲ....။

အဲ့တော့ Democracy ဆိုတာ ဘာလဲဆိုတာကို ခင်ဗျား အရင်လေ့လာ သင့်တယ်ဗျာ။ သိပ်အများကြီးတော့ မပြောတော့ဘူး..။ Democracy ရဲ့ အခြေခံကျတဲ့ အချက်တွေထဲက ၄ ချက်ကိုပဲ ခင်ဗျားကိုပြောပြမယ်။

၁။ ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် ရှိရမယ်….။

၂။ ။ ပြည်သူလူထု လွတ်လပ်စွာ ပါဝင်လှုပ်ရှားနိုင်တဲ့ တိုင်းပြည်တည်ဆောက်ရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ဆောင်မှုတွေ ရှိရမယ်။

၃။ ။ ပြည်သူအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမယ်။

၎။ ။ ဥပဒေစည်းကမ်းတွေကိုလည်း၊ထုတ်ပြန်သူရော ပြည်သူပြည်သားရော အားလုံးညီတူ ညီမျှ လိုက်နာ ရမယ်..။

အကျယ်တ၀င့် ဆက်ပြောမနေတော့ဘူး ဗျာ…။

ဆက်ပြောလည်း လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတာတွေနဲ့ တခုမှ ကိုက်ညီတာမရှိဘူးဗျ…။

ကဲ…..ကြည့်ရအောင်…ဒီလေးချက်ထဲက ဘယ်အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ။

ဒီအချက် ၄ ချက်နဲ့ တိုင်းပြည် တိုးတက်မှုနဲ့ ဘယ်လိုဆိုင်သလဲဆိုတာ ခင်ဗျားသေချာလေ့လာပေါ့ ဗျာ။

ဒီအချက်တွေရဲ့ အရေးပါပုံကို ခင်ဗျားလို ငတုံးတွေ နားလည်အောင် ဥပမာတွေနဲ့ ပြောပြမယ်။

ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က မှားလား၊ ခင်ဗျားက ဦးနှောက် မရှိတာလား...
သေသေချာချာစဉ်းစားပေါ့ဗျာ။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် ရှိရမယ်….။

ကဲအခု ပြီးသွားတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကိုပဲကြည့်ပေါ့ဗျာ။

ဘယ်နေရာမှာများ လွတ်လပ်မျှတခဲ့လို့ လဲ…။

မဲလိမ် မဲခိုးပြီး အာဏာရူးတွေကပဲ အာဏာရ နေရာရအောင် လုပ်သွားတယ်။

မဟုတ်ဘူးလို့ ခင်ဗျာငြင်းဖို့ မကြိုးစားနဲ့ ။

ဒီလို မတရား မဲလိမ်မဲခိုး သွားတဲ့အတွက် ပြည်သူလူထုအတွက် အမှန်တကယ် အလုပ်လုပ်ပေးမဲ့၊ ပြောရဲဆိုရဲတဲ့ ကိုယ်စားလှယ်တွေ နေရာမရတော့ပါဘူး။လွှတ်တော်ထဲမှာ အတိုက်အခံတွေ နေရာ မရတဲ့အတွက်၊ လူနည်းစုဖြစ်တဲ့အတွက် အစိုးရလုပ်သမျှကို ကန့်ကွက်ရာမှာ အရာ မရောက်နိုင်တော့ပါဘူး။ ဒါကြောင့် လူအများစုဖြစ်တဲ့အစိုးရ ဥာဏ်နည်းရင် နည်းသလောက်၊အသုံးမကျရင် အသုံးမကျသလောက် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းပါတယ်။ တိုင်းပြည် မတိုးတက်နိုင်ပါဘူး။အစိုးရ ဥာဏ်မွဲသလောက် ပြည်သူတွေလည်း မွဲနေဦးမှာပါ။

(ပြောမဲ့သာ ပြောရတာပါ။ ပြည်သူ့ ကိုယ်စားလှယ်တွေပဲ အနိုင်ရရင်တောင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆို ဘာဆို ဘာမှ လုပ်လို့ မရပါဘူး။)

ပြည်သူလူထု လွတ်လပ်စွာ ပါဝင်ဦးဆောင် လှုပ်ရှားနိုင်တဲ့ တည်ဆောက်ရေး၊လူမှုရေး၊ နိုင်ငံရေး လုပ်ဆောင်မှု တွေရှိရမယ်။

ဒီမှာကော….ဘယ်နေရာမှာပြည်သူက ၀င်ပါ လို့ ရပါသလဲ ?

နာဂစ်ကိစ္စကို ကြည့်..။ ပြည်သူက တည်ဆောက်ရေး၊ လူမှုရေး ကယ်ဆယ်ရေးတွေ လုပ်တယ်၊ လုပ်ချင်တယ်။
လုပ်တဲ့သူတွေ ထောင်ထဲအထည့် ခံရတယ်။လုပ်ချင်တဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်ခွင့် မရဘူး။

အချောင်နာမည်ယူချင်တော့ အစိုးရကတဆင့် လှူခိုင်းတယ်။ ပထမ ပြည်သူကယုံကြည်စွာလှူပါသေးတယ်..။ေ_ာက်သုံးမကျတဲ့ အစိုးရက ပစ္စည်းတွေ ခိုးရောင်းတယ်၊ကိုယ်ကျိုးအတွက်သုံးတယ်၊ေ_ာက်ကျင့်ယုတ်ပြီး အခြေခံဥပဒေ အတွက် ထောက်ခံမဲနဲ့ ရိက္ခာနဲ့လဲတယ်။

နောက်ပိုင်း ပြည်သူလူထုက ဆက်မလှူချင်တော့ဘူး…။အဲ့ဒါတွေကြောင့် မုန်တိုင်းသင့်သူတွေ မသေသင့်ပဲသေကြရတယ်၊ဒုက္ခ မရောက်သင့်ပဲ ပိုဒုက္ခ ရောက်ကြရတယ်။ (အဲ့အချိန်ခင်ဗျားပါးစပ်နဲ့လက် ဘာဖြစ်နေလဲ…?)

နိုင်ငံရေးနဲ့ပါတ်သက်လို့ကတော့ ဘယ်သူမှ မပြောရဲအောင်ကို လုပ်ထားတယ်။ နိုင်ငံရေး အကြောင်းပြော၊နားမျက်စိပွင့်လာမှာစိုးလို့ ….။ ဒီနိုင်ငံသားက ဒီနိုင်ငံရေးအကြောင်း၊ တိုင်းပြည်အကြောင်း ဆွေးနွေးပြောဆိုကြပါမှ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လမ်းစ ပေါ်လာတော့မှာပေါ့ဗျ…။ ခုတော့….တိုင်းပြည်တိုးတက်စေမဲ့ လမ်းစကို ပိတ်ထားတာပဲဗျ။ တိုင်းပြည်အပေါ်၊ပြည်သူအပေါ် စေတနာမရှိတဲ့ အစိုးရလက်အောက်မှာ ပြည်သူတွေလည်း ဆက်ပြီးဒုက္ခရောက်နေကြဦးမှာပါပဲ…။

ပြည်သူလူထုအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမယ်။

ဘယ်မလဲ…ပြည်သူတွေအတွက် လူ့အခွင့်အရေး…?

ကျေးလက်တွေ၊နယ်တွေ ဘက်မှာ မြေတွေကို မတရားသိမ်း၊ အမျိုးသမီးတွေ မုဒိန်းကျင့်၊ ရွာတွေမီးရှို့၊ လူငယ်တွေ ပေါ်တာဆွဲ၊ ကလေးသူငယ်တွေ အဓ္ဓမ စစ်ထဲထည့်…ပြောရရင် မကုန်နိုင်ပါဘူးဗျာ…။

မြေအမျိုးအစား၊ ရာသီဥတု ဘာမှနားမလည်ပဲ အရူးအပေါထပြီး ယတြာချေဖို့ အတင်း အပင် စိုက်ခိုင်း တာတွေက ရှိသေးတယ်။

အဲ့ဒီ ဘာမဟုတ်တဲ့ အပင်တွေစိုက်ခဲ့ရတဲ့ အတွက် ပြည်သူတွေရဲ့ လုပ်အား၊ အချိန်၊ ငွေကြေး၊ စိတ်ဓာတ်ပျော်ရွှင်မှု၊ ကမ္ဘာမြေရဲ့ မြေဆီလွှာ.... စတာတွေ ဘယ်လောက်အထိ ဆုံးရှုံး နစ်နာ ခဲ့တယ်ဆိုတာ ခင်ဗျားလို ငတုံး တွေးတော နားလည် ခံစားတတ်မှာ မဟုတ်ပါဘူး။

မြို့တွေမှာဆိုရင်လဲ ဧည့်စာရင်းတဲ့၊ ခရီးသွားဖို့ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတဲ့….။

ပြီးတော့ ..အလကားလည်းမဟုတ်ဘူး။ ပိုက်ဆံမရရင် မလုပ်ပေးဘူး။

ပြည်သူတွေဆီက မရ ရသလောက် ပြန်တောင်းစားနေတဲ့ အစိုးရလက်အောက်မှာ ဘယ်ပြည်သူက စိတ်ချမ်းသာစွာနေကြရမှလဲ…? ဘယ်တိုင်းပြည်ကကော တိုးတက်ဖွံ့ဖြိုးမှာလဲ…?

ဥပဒေစည်းကမ်း တွေကိုလဲ၊ထုတ်ပြန်သူရော ပြည်သူပြည်သားအားလုံး ညီတူညီမျှ လိုက်နာရမယ်..။

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး အချက်ပဲ…။

ညီတူညီမျှ လိုက်နာမှုသာ မရှိတာ။ ပေါလိုက်တဲ့ ဥပဒေတွေဆိုတာ…။ဒီနေ့ နဲ့ မနက်ဖြန်တောင် မတူဘူး။ ထုတ်ချင်တိုင်း ထုတ်နေလိုက်ကြတာ။ တမျိုးပြီးတမျိုး မရိုးရအောင်ကို ထုတ်နေတာ။

ကားမှန်တွေကို စတစ်ကာ အနက်မတပ်ရတဲ့…၊ လူတွေက လိုက်ကာလေးတွေ သုံးတော့ လိုက်ကာလည်း မတပ်ရတဲ့…။ သူတို့သုံးနေတာတင် မဟုတ်ဘူး..။ သူတို့ သားသမီးတွေပါ သုံးသမျှ ကားမှန်တွေ အကုန် စတစ်ကာအနက် တွေနဲ့ ...။

ရန်ကုန်နယ်နမိတ်မှာ ဆိုင်ကယ်မစီးရတဲ့…၊ စီးနေတော့ သူတို့ လူတွေချည်းပဲ…။

ဒါက အသေးအမွှားလေးတွေ..။ အကြီးအမားတွေ ရှိသေးတယ်။

သစ်တစ်ပင်ခုတ် ထောင် ၃ နှစ်တဲ့…။ ဒေါ်ကြိုင်ကြိုင် ကျတော့ တစ်တောလုံး တစ်တောင်လုံးကို ပြောင်ရှင်းသွားအောင် ရောင်းစားလည်း ဘာမှမဖြစ်ဘူး…။

ပြည်သူလူထုအတွက်ကျတော့ အကျိုးရှိအောင် လုပ်မပေး၊ကိုယ်တိုင် လုပ်ချင်လည်း လုပ်မရ။

ဥပဒေက ပြည်သူတွေပဲလိုက်နာရမှာလား..?

မယုံရင် စမ်းကြည့်ပါလား…?သန်းရွှေနဲ့ ကြိုင်ကြိုင်တို့ကို အသာထားဦး… ဆောင်းပါးတပုဒ်လောက်ရေးပြီး လမ်းတ၀က်ခင်း အောင်သိန်းလင်းအိမ်ရှေ့ကို ခင်ဗျား NLD ရုံးချုပ်အရှေ့မှာ လုပ်ခဲ့သလိုမျိုး သွားလုပ် ကြည့်ပါလား…?

တရားမျှတမှု ရှိ မရှိ လက်တွေ့ သိရတာပေါ့…။

ဒီလို တရားဥပဒေ မမျှတမှုတွေရှိနေသရွေ့  ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေကြရဦးမှာပါပဲ….။

ခင်ဗျားပြောသလို ပြည်သူလူထု စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဒီလိုဖြစ်ရပ်မျိုးတွေ မရှိဖို့ လိုတယ်။ မှတ်ထား...!!!!

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးကို လုပ်ဆောင်ကြိုးပမ်းနေတာ ဖြစ်တယ်။

အာဏာရူးတွေ လုပ်ချင်သလို လုပ်နေတာကျတော့ ခင်ဗျားတို့လိုကောင်တွေ ပါးစပ်တွေက ပိတ်နေပြီး ပြည်သူအတွက် လုပ်ဆောင်နေတဲ့သူကိုကျတော့ အမျိုးမျိုး နှော့က်ယှက်နေတာ ကောင်းလား…?

အဲ့တော့…ခင်ဗျားရဲ့ ဒီစာပုဒ် အတွက်ပြောချင်တာကတော့ အကြောင်းအရာတခုကို သေသေချာချာ နားမလည်ပဲ အရူးချီးပန်း၊ငါ့စကားနွားရ မရေးနဲ့ မပြောနဲ့။ ခင်ဗျားထက် တတ်သိနားလည်လို့ လူထုထောက်ခံမှု၊ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အလုပ်လုပ် နေတာ။ အဲ့ဒါကို ခင်ဗျား နားလည်ထား။

လာဦးမယ်….နောက်ထပ် အချက်အလက် အမှားတွေ အတွက်……။

မြန်မာ့အရေး မှ ငါးမင်းဆွေ သို့….

by မြန်မာ့ အရေး on Sunday, November 28, 2010 at 11:16pm

FaceBook မှ ပြန် လည် ကူး ယူ ဖော် ပြ ပါ သည်၊၊

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။