သတင်းထူးပါရင် ပြောပါ
ပြောပါအုံး သတင်းထူး ပါရင်။
ဒီနေ့ ကြေးမုံ သတင်းစာမှာတော့ ဟောသလို တပုဒ် တွေ့ရတယ်။
စာမျက်နှာ ၃ ရောက်တာနဲ့ အဲဒီသတင်းကို ချက်ချင်း ဖတ်ဖြစ်အောင် ခေါင်းစည်းရဲ့ အခင်းအကျင်းကို ပြင်ဆင်ထားလေရဲ့။ သတင်းထူးလို့ နေမှာပေါ့။
ဘင်္ဂလားပင်လယ်အော် ဆိုတော့ ရော့ခ်ဂီတ သတင်းများလား။
လေဖိအားနည်း ဘာညာ ဖြစ်ပေါ် ဆိုတော့ ကောင်းတာပေါ့။ ဘာမှ မဖြစ်တာထက်စာရင် တခုခု ဖြစ်တာ ကောင်းတာပေါ့ လို့ စသဖြင့် တွေးမိတယ်။
သတင်းကလည်း တကြောင်းထဲ။ ၀ါကျ တကြောင်းထဲ။
ကြိုက်တယ်ဗျာ။ ဒါမျိုးသတင်းတွေ ဖတ်ချင်နေတာ။ ကျစ်လျစ်တယ်။ အချိန်ကုန် သက်သာတယ်။ အရေးအသား ပြတ်သားတယ်၊ ရဲရင့်တယ်။ သတင်းသမားတွေ ပြောတဲ့ ဘကုန်း ၆ လုံး မဟုတ်ရင်တောင် ၆ လုံး နီးပါး ပါတယ်။ ဘာဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ပြောတယ် စသဖြင့်။
လေဖိအားနည်းရပ်ဝန်း ဆိုတာ ဘာလဲ။
အမ် - စာဖတ်သူတယောက် လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ မသိရင်လည်း မတတ်နိုင်ဘူး။ ကျနော်လည်း မသိတော့ မရှင်းပြတတ်ဘူးဗျာ။
ကဲ - သတင်းစာ နေ့စဉ်ကြည့်ရှုပါ၊
သတင်းထူးပါရင် ပြောပါ။ (သံနေသံထားဖြင့် အော်ဖတ်ရန်)
မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။
ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။
source by :ဧရာဝတီဘလောဂ်ပြောပါအုံး သတင်းထူး ပါရင်။

မနေ့က သတင်းစာ
မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။
အောက်တိုဘာ ၃ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် လေဆိပ်မှာ မြန်မာသံအမတ်၊ မြန်မာစစ်သံမှူးနဲ့ ၀န်ထမ်း ကြီးငယ်တို့ ဖူးမျှော်တာကို ခံယူနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်။
စက်ဝိုင်း ၀ိုင်းပြတာကတော့ အဆက်မပြတ် လက်အုပ်ချီနေတာကို သိစေချင်လို့ပါး)
ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။