ဖနိဒါ | စစ်တပ်ခွင့်ပြုချက်ဖြင့်သာ ခရီးသွားရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကချင် လွတ်မြောက်ရေး အဖွဲ့ကို ညွှန်ကြားအပြီး ၃ ရက်အကြာ ယမန်နေ့က စစ်ထောက်လှမ်းရေးက ကချင်တပ်မှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီးလိုက်သည်။
စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) က လိုင်ဇာမြို့မှ ၆ မိုင်ကွာ လဂျားယန် အကောက်ဂိတ်တွင် ကချင်လွတ်မြောက်ရေးတပ် ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်ရေးဌာနမှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီးလိုက်ရာ စစ်အစိုးရ နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ်ကိုငြင်းပယ်ထားသော ကချင်အဖွဲ့ကို တင်းကျပ်လိုက်ခြင်းဟု ကေအိုင်အိုက ယူဆသည်။
“သူက လက်မှတ်မပါဘဲနဲ့ လက်နက်ယူသွားလို့ ဖမ်းတာ။9999 အရင်တုန်းကတော့ ဘာမှ မပြောဘဲ သွားနေကျ။ အခုတော့ ပို ကန့်သတ်လာတယ်” ဟု ကေအိုင်အို အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။
ပစ္စတိုတလက်နှင့် အတူ အဖမ်းခံရသော ဗိုလ်ကြီးဇော်လီသည် ဆေးကုသခွင့် ယူပြီး လိုင်ဇာမြို့မှ ၁ဝ မိုင် အကွာ မဒီးယန်ရွာရှိ သူ့ခြံသို့ ဘတ်စ်ကားဖြင့် အသွား အဖမ်းခံရကြောင်း ကေအိုင်အို သတင်းရပ်ကွက် တခုကလည်း ပြောသည်။
ကချင်အပစ်ရပ်အဖွဲ့က ဗိုလ်ကြီးဇော်လီကို ပြန်လွှတ်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ယမန်နေ့က အကြောင်းကြားခဲ့သော်လည်း ယခုတိုင် ပြန်လွှတ်ပေးခြင်း မရှိပါ။
ယခုလ ၅ ရက်မှစ၍ ကေအိုင်အို အဖွဲ့ဝင်များ ခရီးသွားပါက သက်ဆိုင်ရာ စရဖ တပ်ဖွဲ့သို့ သတင်းပို့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက်ဖြင့်သာ သွားရမည်ဟု စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစည်သူက ပြောဆိုခဲ့သည်။ ထို့ပြင် ခရီးသွားနေစဉ် ယူနီဖောင်းဝတ်ခွင့်နှင့် လက်နက် ကိုင်ဆောင်ခွင့်လည်း မပြုကြောင်း တားမြစ်ခဲ့သည်။
နယ်ခြားစောင့် တပ်ပြောင်းကိစ္စ ယခုလ ၁ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရမည်ဟု စစ်အစိုးရက သတ်မှတ်ခဲ့သော်လည်း ကေအိုင်အိုက မလိုက်နာသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တားမြစ် ကန့်သတ်ချက်နှင့် ဖမ်းသည့်သတင်း ထွက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ၂ဝဝ၈ မှ ယခုအချိန်ထိ စစ်တပ် အဖမ်းခံရသော ကေအိုင်အိုအဖွဲ့ဝင် အနည်းဆုံး ၂ဝ ကျော်ကြောင်း ကေအိုင်အို အရာရှိတဦးက ဆိုသည်။
source by :မဇ္ဈိမစစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) က လိုင်ဇာမြို့မှ ၆ မိုင်ကွာ လဂျားယန် အကောက်ဂိတ်တွင် ကချင်လွတ်မြောက်ရေးတပ် ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်ရေးဌာနမှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီးလိုက်ရာ စစ်အစိုးရ နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ်ကိုငြင်းပယ်ထားသော ကချင်အဖွဲ့ကို တင်းကျပ်လိုက်ခြင်းဟု ကေအိုင်အိုက ယူဆသည်။
“သူက လက်မှတ်မပါဘဲနဲ့ လက်နက်ယူသွားလို့ ဖမ်းတာ။9999 အရင်တုန်းကတော့ ဘာမှ မပြောဘဲ သွားနေကျ။ အခုတော့ ပို ကန့်သတ်လာတယ်” ဟု ကေအိုင်အို အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။
ပစ္စတိုတလက်နှင့် အတူ အဖမ်းခံရသော ဗိုလ်ကြီးဇော်လီသည် ဆေးကုသခွင့် ယူပြီး လိုင်ဇာမြို့မှ ၁ဝ မိုင် အကွာ မဒီးယန်ရွာရှိ သူ့ခြံသို့ ဘတ်စ်ကားဖြင့် အသွား အဖမ်းခံရကြောင်း ကေအိုင်အို သတင်းရပ်ကွက် တခုကလည်း ပြောသည်။
ကချင်အပစ်ရပ်အဖွဲ့က ဗိုလ်ကြီးဇော်လီကို ပြန်လွှတ်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ယမန်နေ့က အကြောင်းကြားခဲ့သော်လည်း ယခုတိုင် ပြန်လွှတ်ပေးခြင်း မရှိပါ။
ယခုလ ၅ ရက်မှစ၍ ကေအိုင်အို အဖွဲ့ဝင်များ ခရီးသွားပါက သက်ဆိုင်ရာ စရဖ တပ်ဖွဲ့သို့ သတင်းပို့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက်ဖြင့်သာ သွားရမည်ဟု စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစည်သူက ပြောဆိုခဲ့သည်။ ထို့ပြင် ခရီးသွားနေစဉ် ယူနီဖောင်းဝတ်ခွင့်နှင့် လက်နက် ကိုင်ဆောင်ခွင့်လည်း မပြုကြောင်း တားမြစ်ခဲ့သည်။
နယ်ခြားစောင့် တပ်ပြောင်းကိစ္စ ယခုလ ၁ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရမည်ဟု စစ်အစိုးရက သတ်မှတ်ခဲ့သော်လည်း ကေအိုင်အိုက မလိုက်နာသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တားမြစ် ကန့်သတ်ချက်နှင့် ဖမ်းသည့်သတင်း ထွက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ၂ဝဝ၈ မှ ယခုအချိန်ထိ စစ်တပ် အဖမ်းခံရသော ကေအိုင်အိုအဖွဲ့ဝင် အနည်းဆုံး ၂ဝ ကျော်ကြောင်း ကေအိုင်အို အရာရှိတဦးက ဆိုသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။