သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုဘိုကြည်အား လူ့အခွင့်အရေး ကာကွယ်သူဆု (Human Rights Defender Awards) ယမန်နေ့က ချီးမြှင့် လိုက်သည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ ) အေအေပီပီ ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပြီး ထိုအသင်းကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလဲ ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုတ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များ ထဲတွင် (၇) နှစ်ကျော် အကျဉ်းချ ခံခဲ့ရပြီး နောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နိုင်ငံရေး အကျဉ်းသာများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

ယ္ခုနှစ်အတွက် လူ့အခွင့်ရေး ကာကွယ်သူဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီ အာရေးဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသားများ စုစုပေါင်း ငါးဦးအား ချီးမြှင့် ပေးအပ်ခြင်း ဖြစ်သည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။