သတင်း ယူနီဆက် ခေတ်ပြိုင် | ကုလသမဂ္ဂနိုင်ငံတကာကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က နာဂစ်ဆိုင်ကလုန်း ဒဏ်ခံစား ခဲ့ရသော ကလေးများအတွက် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရန်အရေးပေါ် လုပ်ငန်း စီမံချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။
ဆိုင်ကလုန်းတိုက်ခတ်ပြီးနောက် မိဘများနှင့် တကွဲတပြားဖြစ်နေသည့်ကလေးများ၊ မိဘမဲ့က လေးများ၊ လျစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရဖွယ်ရှိသော ကလေးငယ်များကို ကာကွယ် စောင့်ရှောက်မှုများ ပေးသွားရန် စီမံခြင်းဖြစ်ကြောင်း သိရသည်။
စီမံချက်ကို မြန်မာနိုင်ငံ၌ ကလေးကာကွယ်စောင့်ရှောက်ဆောင်ရွက်နေသော ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အန်ဂျီအိုများ၊ လှုမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ကြမည်ဖြစ် ကြောင်း စီမံချက်တွင် ဖော်ပြထားသည်။
အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ရာတွင် စောင့်ရှောက်မည့်သူမရှိသော ကလေးများနှင့် တကွဲတပြားဖြစ်နေသော ကလေးများအား မိဘများ (သို့) ဓလေ့ထုံးစံအရ ပြုစုစောင့်ရှောက်သူ များနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ရေး ၀န်ဆောင်မှုများပေးသွားရန်၊ ပရဟိတဂေဟာများနှင့် မိဘမဲ့ဂေဟာများ တည်ထောင်ဖွင့်လှစ်ရန်၊ ခွဲခြားဆက်ဆံမှုမပြုရန်နှင့် လုပ်ဆောင်ချက်များ အားလုံး၌ ကလေးများ၏ အမြင်များကိုလည်း ထည့်သွင်းစဉ်းစားရန်တို့ကို သတိပြုဆောင်ရွက်ရ မည့်အချက်များအဖြစ် ဖော်ပြထားသည်။
ထို့အပြင် မိသားစုများ ကွဲကွာမှုမရှိစေရေး တားဆီးကာကွယ်ခြင်း၊ မိဘမဲ့ကလေးများအပါအ၀င် အခြား အန္တရာယ် ကျရောက်လွယ်သည့် ကလေးများနှင့် ၎င်းတို့၏ မိသားစုများအတွက် လုံလောက် သော စောင့်ရှောက်ပံ့ပိုးမှုများ ရရှိစေရေး၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ သာယာဝပြောရေးနှင့် လုံခြုံစိတ် ချရသည့်လူမှုဝန်းကျင် တည်ထောင်ပေးရေးတို့ကို ဦးတည်ဆောင်ရွက်သွားမည်ဟုလည်း သိရ သည်။
စာရင်းကောက်ယူခြင်း၊ အရေးပေါ်ကာလအဖြစ် (၆) လကြာ စောင့်ရှောက်မှုပေးခြင်းနှင့် ရေရှည် စောင့်ရှောက်မှုပေးခြင်းဟူ၍ အပိုင်း (၃) ပိုင်းခွဲပြီး စီမံချက်ကို အကောင်အထည်ဖော်သွားမည် ဖြစ် သည်။ ရေရှည်စောင့်ရှောက်မှုပေးခြင်းအဖြစ် မူကြို၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ကျောင်းပြင်ပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အန်ဂျီ အိုများ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ တာဝန်ယူဆောင်ရွက်သွားမည်ဟုလည်း စီမံချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၁၉၉၁ ခု၊ ဇူလိုင် (၁၆) ရက်တွင် ကလေးအခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (စီအာစီ) ကို လက်မှတ်ရေးထိုးခဲ့ပြီး ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခု၊ ဇူလိုင် (၁၄) ရက်၌ ပြဋ္ဌာန်း ခဲ့သည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။