သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း သည် မြို့တော်၏ ပြုပြင်တည်ဆောက်မှု လုပ်ငန်းများကို ကြံ့ဖွံ့အမည်ဖြင့် ဆောင်ရွက် နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ရှိ လမ်းများပြုပြင်ခြင်း၊ ရေရရှိရေးလုပ်ငန်းများနှင့် ကျန်းမာရေးဆေးခန်းများ ဖွင့်လှစ် ခြင်းတို့ကို မြို့တော်ဝန်က ကြံ့ဖွံ့အဖွဲ့အစည်းအမည်ဖြင့်သာ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။
“မြို့တော်ဝန်က ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) အနေနဲ့ ဖြိုးစေတနာဆေးခန်းတွေ ဖွင့်လှစ်နေတာ အခုဆို (၄၀) လောက်ရှိနေပြီ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
မြို့တော်ဝန်လုပ်ငန်းများဖြစ်သည့် ရေရရှိရေးအတွက် ရေပိုက်များ ဆက်သွယ်ပေးမှု၊ ရပ်ကွက် တွင်းရှိ မြေသားလမ်းများကို ကတ္တရာကွန်ကရစ်လမ်းအဖြစ် ခင်းပေးခြင်းစသည့် ပြုပြင် တည်ဆောက်ရေး လုပ်ငန်း များကို မြို့နယ်ရပ်ကွက်အလိုက် ကြံ့ဖွံ့ရုံးများကတဆင့် ပြုလုပ်ပေးနေပြီး လမ်းဖွင့်ပွဲ၊ ရေဖွင့်ပွဲများ ကျင်းပ သည့်အခါ ရပ်ကွက်ရှိ ကြံ့ဖွံ့စည်းရုံးရေးမှူးက ကြံ့ဖွံ့ အသင်းဝင် အဆိုပြုလွှာများကို မြို့တော်ဝန်အား ပေးအပ်ခြင်းများ ပြုလုပ်ကြကြောင်း ဒေသခံများက
ပြောသည်။
ဝါရင့်သတင်းစာဆရာတဦးက “ဘယ်သူ့နာမည်နဲ့ဖြစ်ဖြစ် လမ်းတွေပြင်တာ၊ ရေရအောင်လုပ်တာ ဟာ ပြည်သူ့အတွက် လုပ်တာပါပဲ၊ ဒါပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ကြံ့ဖွံ့အဖွဲ့ဝင် အဆို ပြုလွှာဆိုတဲ့ကိစ္စပဲ။ ကြံ့ဖွံ့ကို ကြိုက်တဲ့လူရှိမယ်၊ မကြိုက်တဲ့လူရှိမယ်၊ ဒါကို အတင်းအဓမ္မ အသင်းဝင် လုပ်ခိုင်းနေတယ်” ဟု ပြောသည်။
မြို့တော်ဝန်သည် ရန်ကုန်မြို့တော် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ကြံ့ဖွံ့အသွင်ဖြင့် ပြောင်းလဲ ဆွဲဆောင် မလုပ်သင့်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီလကပင် ကြံ့ဖွံ့အသင်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်ရေး အတွက် ဆွယ်တရားများ ဟောကြားခဲ့ကာ ယခုအခါ မြို့တော်ဝန်ကိုယ်တိုင် ကြံ့ဖွံ့အသင်းဝင် အရေအတွက် တိုးပွားလာစေရန် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ အများစုက ပြောဆိုနေသည်။
ကြံ့ဖွံ့အသင်းကို ၁၉၉၃ စက်တင်ဘာတွင် နအဖစစ်တပ်မှ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းမြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်တိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သည်။
ကြံ့ဖွံ့အဖွဲ့ဝင် (၂၂) သန်းကျော်ကို နိုင်ငံရေးပါတီတရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဟု ၂၀၀၅ ခု ဒီဇင်ဘာ (၆) ရက်တွင် ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ခိုင်ဖြိုးဗဟိုဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသင်းအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးက အရိပ်အမြွက် ပြောကြားခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။