သတင်း NEJ ခေတ်ပြိုင် | မုန်တိုင်းအပြီး ခရီးသွားလုပ်ငန်းကျလာသည့်အချက်၊ စီးပွားရေး ကျပ်တည်းလာသည့် အချက် များကြောင့် မြန်မာလူငယ် အများအပြား ခရီးသွားလုပ်ငန်းမှ ထွက်ပြီး စင်ကာပူသွားရန် ကြိုးစားကြရာ ရန်ကုန် စင်ကာပူ သံရုံးတွင် နေ့စဉ် ဗီဇာလျှောက်သူများ ပြည့်ကျပ်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အချို့ငွေကြေးတတ်နိုင်သူ ပညာတတ်လူငယ်များလည်း စင်ကာပူရောက်ပြီး အလုပ်မရှိဖြစ်နေ သည်ဟု စုံစမ်းသိရသည်။ မြန်မာနိုင်ငံမှာ ဂျာမန်များနှင့် အိမ်ထောင်ပြုထားသည့် အသက် (၂၀)၀န်းကျင် မြန်မာ အမျိုးသမီး လူငယ်စုံတွဲ အချို့လည်း မကြာခင်က ဂျာမနီနိုင်ငံရောက်လာသလို နေ့စဉ် ဂျာမနီမှ နှင်ထုတ်ခံနေရသည့် မြန်မာများလည်းရှိသည်ဟု ဂျာမနီမြန်မာအသိုင်းအ၀ိုင်းက ပြောသည်။ မြန်မာ မိန်းကလေးငယ် အတော်များများမှာမူ လောလောဆယ် ယူအေအီးနိုင်ငံသို့ အထွက်များသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။