ဒီရေ သတင်းများ

ဧရာဝတီတိုင်းမ် | ဇူလိုင်လ ၁၄ ရက် 

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး အာဏာသိမ်းစစ် ကောင်စီက လျစ်လျှူရှုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားလိုက်ပါ တယ်။ ထိုင်းနိုင်ငံက မကြာသေးမီလတွေအတွင်း အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေနဲ့ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ သီးခြားထိတွေ့မှုတွေ ပြုလုပ်ခဲ့လင့်ကစား ဘုံသဘောတူညီချက် ၅ ရပ်က မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ အကောင်းဆုံးမျှော်လင့်ချက်လို့ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ ဖျက်ဆီးတာ အပါအဝင် အကြမ်းဖက်မှုအပြုအမူတွေကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ လက်တွေ့ကျသော အရေးယူမှုတွေလုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး ပတ် ဝန်းကျင်တစ်ခုဖန်တီးဖို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ပြောပါ တယ်။ နှစ်ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးကို နိုင်ငံရေးအရအဖြေရှာ ဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာရဲ့ဝေဖန်မှုကို ဥပေက္ခာပြုကာ အတိုက်အခံတွေနဲ့ ထိတွေ့ဆက် ဆံဖို့ ငြင်းဆန်တာကြောင့် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာသည်အထိ အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု တွေက အချည်းနှီးဖြစ်နေဆဲပါ။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ရာမှာ စကားလုံးအသုံးအနှုန်းတွေကြောင့် ကြန့်ကြာမှုဖြစ်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဉီးက ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်အချို့က စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလိုပေမယ့် နိုင်ငံအချို့က အကြမ်းဖက် မှုတွေ ရပ်ဆိုင်းကာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အခြေခံအကျဆုံးလို့ ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပြီလို့ အာဆီယံသံ တမန်အချို့က ထုတ်ဖော်ပြောပါတယ်။

ကိုးကား - AFP

Ref; Divided Asean condemns Myanmar violence again, supports five-point plan

Source by : Ayeyarwaddy Times
ဧရာဝတီတိုင်းမ် 

နေပြည်တော် ၊ ဇူလိုင်လ ၁၂ ရက် 

နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံရန် နှစ်ကြိမ်ကြိုးစားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည် ဇူလိုင် ၉ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်အချုပ်ထောင်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ခြင်းမရှိသည့်အတွက် စာရွက်စာတမ်းအချို့ကိုသာ ပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
" ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတယ်လို့ အာဆီယံမှာ ပြောတယ်ဆိုပြီး သတင်းတွေတက်လာတော့ တော်တော်အံဩတယ်။
ယမန်နေ့ (ဇူလိုင် ၆) က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ် ဒုတိယညွှန်ကြားရေးမှူးအဆင့်အရာရှိများ အပါအဝင် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများတွင် MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်း အငယ်တန်းစာရေးများ စသဖြင့် ၂၀ ခန့် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (ယခင်မည်) ရုံးအဝင်ဝကို တွေ့ရစဉ်။ (ဓာတ်ပုံ​ - Supplied)       
“ရုံးအဖွဲ့နှစ်ခုစလုံး ပါသွားတယ်။ ဘယ်ခေါ်သွားလဲတော့ အတိအကျမသိဘူး။ မနေ့ကတော့ ရုံးအမှတ် ၆ ကို ခေါ်စစ်တယ်လို့ ကြားတယ်။ ခုထိတော့ နောက်ဆက်တွဲ မသိရသေးဘူး။ အခြားဌာနကသူတွေကတော့ စစ်တဲ့အထဲ မပါဘူး” ဟု နီးစပ်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။ “သူတို့ပြောတဲ့ သူသျှိုပေါ်ရင်တော့ သက်သာမှာ။ မပေါ်ရင်တော့ ထုထောင်းခံရမှာပဲ” အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် စစ်တပ်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။ ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်က ဖမ်းဆီးမည့်လူစာရင်းအတိအကျဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဌာနအလိုက် ဝင်ရောက်ရှာဖွေစဉ် ဝရုန်းသုန်းကားမဖြစ်ခဲ့သော်လည်း ဝန်ထမ်းများအားလုံး ညနေ ၆ နာရီကျော်မှ အိမ်ပြန်ရကြောင်း၊ ရုံးဆင်းချိန်တွင် ကားဝင်ထွက်နိုင်သည့် ပင်မဂိတ်တံခါးကို ပိတ်ထားကာ လူတစ်ကိုယ်စာ ဝင်ထွက်ပေါက်မှနေ၍ တစ်ဦးချင်း စစ်ဆေးပြီးမှ ပြန်လွှတ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရသည်။ 

 စွမ်းအင်ဝန်ကြီးဌာနအောက်တွင် အဓိကဌာနကြီးများအနေဖြင့် စွမ်းအင်စီမံရေးဦးစီးဌာန(EPD)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) တို့ရှိပြီး အဆိုပါဌာနများအောက်တွင် သီးသန့်ဌာနခွဲများ ရှိသည်။ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တွင် စီမံကိန်း၊ ရှာဖွေရေး၊ တူးဖော်ရေး၊​ ထုတ်လုပ်ရေး၊ စီမံအုပ်ချုပ်၊ ငွေစာရင်း၊​ ကမ်းလွန်၊ အင်ဂျင်နီယာ၊ ပစ္စည်းကိရိယာ၊ စွမ်းအင်မူဝါဒ ဟူ၍ ဌာနခွဲ ၁၀ ခုရှိပြီး လက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်ပြီး၊ ဒုဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးသက်ထွန်း ဖြစ်သည်။ လက်ရှိစွမ်းအင်ဝန်ကြီးမှာ ဦးမျိုးမြင့်ဦးဖြစ်ပြီး၊ ဒုဝန်ကြီးမှာ ဦးသန့်စင်၊ MOGE ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်သည်။ ၎င်းတို့အားလုံးမှာ ထိုဝန်ကြီးဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်လာသူများ ဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် ပြည်ပတွင် ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေကာ ထိုငွေများ ထုတ်ယူရရှိရေး စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။ 

နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် MOGE ကိုယ်စား “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ Myanmar Now က ရရှိထားသည့် ပေါက်ကြားလာသည့် ထိုလျှို့ဝှက်စာအရ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (CNOUC) ထံမှ ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း၊ တရုတ်-မြန်မာဖက်စပ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ထံမှ ဒေါ်လာ ၁၀၈ ဒသမ ၈၂ သန်း၊ ရတနာစီမံကိန်းမှ​ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော မုတ္တမသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ထံမှ ဒေါ်လာ ၆၈ ဒသမ ၆၈ သန်း ပြည်ပတွင် ပိတ်မိနေခြင်း ဖြစ်သည်။ မူလသဘောတူစာချုပ်အရ သက်ဆိုင်ရာဘဏ်စာရင်းများမှတစ်ဆင့် MOGE ထံ လွှဲပြောင်းပေးရမည်ဖြစ်သော်လည်း အီးယူ၏ ပိတ်ဆို့မှုကြောင့် Beneficiary Name (အကျိုးခံစားခွင့်ရှိသူအမည်) နေရာတွင် MOGE ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၌ “ကံ့ကော်” ဆိုသော ငွေစာရင်းဖြင့် လက်ခံနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။ 

 “မူလစာချုပ်ပါ အမေရိကန်ဒေါ်လာဖြင့် လွှဲပြောင်းရန် ခက်ခဲသဖြင့် တရုတ်နိုင်ငံသုံးငွေကြေး (RMB)၊ ထိုင်းငွေကြေး (Baht) တို့ဖြင့် လက်ခံရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်” ဟု လွန်ခဲ့သော နှစ်လကျော်က စီစဉ်သည့် ထိုလျှို့ဝှက်စာတွင် ဖော်ပြသည်။ ဥရောပသမဂ္ဂအပြင် အမေရိကန်အစိုးရ၏ နောက်ထပ် ပိတ်ဆို့အရေးယူမှုများအတွက်ပါ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီ၏ လျှို့ဝှက်အစီအစဉ်၌ ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။ ၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်လာကြောင်း၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
Source By : Myanmar Now
ဇူလိုင် ၆၊ The Nation Voice 

စောဖိုးခွါး

ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့ကတည်းက အင်အား ၃၀၀လောက်နဲ့စစ်ကြောင်းထိုးခံနေရတဲ့ စေတုတ္တရာနယ်ဘက်ကို ဒီနေ့ဇူလိုင်လ ၆ ရက်မှာ အာဏာသိမ်းစစ်တပ်က တင့်ကား ၂စီးအပါအဝင် စုစုပေါင်း စစ်ကားအစီး ၃၀လောက်နဲ့ထပ်မံအင်အားဖြည့်လာတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

လေ့ကျင့်ရေးလုပ်နေသည့် အာဏာသိမ်းစစ်တပ်၏ တင့်ကားများအားတွေ့ရစဉ် ပုံဟောင်းအသုံပြုထားခြင်းဖြစ်သည်။ ဓာတ်ပုံ - အင်တာနက်

"စစ်သားအပြည့်ပါ။ ရှေ့ပွိုင့် က၂စီး လူ ၅၀လောက်ပါတယ်။ အဲ့ကြားထဲမှာတင့်ကားက ၂စီးပါတယ်။ နောက်ထပ်က ၂၂စီးအင်အားအပြည့်ပဲ။ ၃၀ဆိုတာမမှားဘူး အားလုံးပေါင်း ၃၀လောက်ရှိတာပေါ့။ အဲ့တော့ဒေသခံပြည်သူတွေအနေနဲ့ဒါကိုကြိုတင်ပြီးတော့ ပြင်ဆင်နိုင်ဖို့အတွက်အသိပေးလိုတယ်"လို့ တော်လှန်ရေးရဲဘော် ဗိုလ်ကြက်ဖက The Nation Voice ကိုပြောပါတယ်။

အခုလိုအင်အားထပ်ဖြည့်လာတာကြောင့် စေတုတ္တရာနယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးအသင့်ပြင်ထားရတယ်လို့သိရပါတယ်။

"အရင်ရောက်နှင့်နေတဲ့ ကောင်တွေကလည်း ၆၀ ကို မိုးရွာသလို ပစ်တာ။ စက်လတ် အသံဆို ဂုတ်ဂုတ်ဆိုတာ ခေါင်းကို ဖေါ်မရဘူး။ ကျည်အား ကလည်း တကယ့်ပစ်အားနဲ့ တက်တာ ခုလက်ရှိက တော့ထပ်အင်အား ဖြည့်လာတယ်။ ရှိသလောက်အားနဲ့တော့ ပြင်ဆင်ထားရတာပေါ့"လို့ မင်းဘူးခရိုင်တပ်ရင်း ၃ ရဲ့တာဝန်ရှိသူတစ်ဉီးကလည်း လက်ရှိစစ်ရေးအခြေအနေတွေကို TNV ကိုပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ပြီးခဲ့တဲ့လတွေအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးတာတွေများခဲ့တာကြောင့် အခုလို အင်အားရာချီနဲ့စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

ဇူလိုင်လ ၂၈ကစပြီး အာဏာသိမ်းစစ်တပ်ဘက်က စေတုတ္တရာနယ်ဘက်ခြမ်းကို နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး အင်းအား ၃၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရသလို အချို့ ဒေသခံတွေမှာလည်း PDF ဆိုပြီးစွပ်စွဲဖမ်းဆီးခံထားရပါတယ်။

တိမ်းရှောင်နေရတဲ့ ပြည်သူတွေမှာလည်း ခုလက်ရှိဖျားနာတာတွေများနေတာကြောင့် ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။

Source by : The Nation Voice
ဇူလိုင် ၄ ၊ The Nation Voice 

မောင်ခဲတံ 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဆီမှာ အင်အားက ဆယ်ဂဏန်းလောက်သာရှိတော့တာဖြစ်လို့ ဂိတ်လုံခြုံရေးတောင် အပြည့်အဝမချထားနိုင်တော့ဘူးလို့ သိရပါတယ်။ “ဆောက်ထားတဲ့ဘန်ကာတွေသွားကြည့် အလွတ်တွေ။ စစ်မှုထမ်းဟောင်းတွေတောင် ပြန်ခေါ်သုံးနေရတဲ့အနေအထားဖြစ်နေပြီ။ ဒီကြားထဲ လူကြီးလမ်းကြောင်းအတွက် လုံခြုံရေးယူပေးရမယ်။ ကိစ္စတခုခုအတွက် လုံခြုံရေးယူရမယ်ဆိုရင် တပ်ထဲမှာ စစ်သားဆိုတာမရှိတော့ဘူး”လို့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၏ အထူးတပ်ဖွဲ့မှတပ်သားများ

အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်မှာ လမ်းဆုံ၊ လမ်းခွ၊ အကျဉ်းထောင်၊ မီတာရုံး၊ စစ်ကြောရေး၊ အစိုးရဌာန အစရှိတဲ့နေရာတွေမှာလည်း လုံခြုံရေးယူပေးထားရသလို လှည့်ကင်းပတ်ရတဲ့အနေအထားတွေရှိပေမယ့် အင်အားမလုံလောက်တော့တာကြောင့် လှည့်ကင်းတောင် အရင်ကလို မပတ်နိုင်တော့ဘူးလို့ သူကဆက်ပြောပါတယ်။
 
ရန်ကုန်မှာ လက်ရှိ လုံခြုံရေးယူပြီး ရှေ့တန်းအတွက်လည်းပါဝင်နေရတဲ့တပ်တွေက ခြေမြန်တပ်ရင်းအမှတ် (၁၀၆) ထောက်ကြံ့ - မင်္ဂလာဒုံအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၃၀၃) တိုးကြောင်ကလေး အခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၃၁၃) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၁) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၂) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၃) မှော်ဘီအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၄) ဖူးကြီးအခြေစိုက်၊ ခြေမြန်တပ်ရင်းအမှတ် (၇၀၉) တိုက်ကြီးအခြေစိုက်နဲ့ ခြေမြန်တပ်ရင်းအမှတ် (၇၁၀) တိုက်ကြီးအခြေစိုက်တို့ဖြစ်ပါတယ်။ 

အဲဒီတပ်တွေရဲ့ ဖွဲ့စည်းပုံအင်အားဟာ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို ပြည့်မီတာမျိုးမရှိတော့ပေမယ့် တာဝန်ယူထားရတဲ့ တပ်ရင်းမှူး၊ ယာယီတပ်ရင်းမှူးတွေက အင်အားပြည့်မီမှုရှိတယ်ဆိုပြီး စာရင်းတင်ပြကာ လစာ ထုတ်စားနေတယ်လို့လည်း အဲဒီသတင်းအရင်းမြစ်ကဆိုပါတယ်။ ရန်ကုန်က တပ်ရင်းတပ်ဖွဲ့တွေဟာ မြို့လုံခြုံရေးအပြင် တပ်မိသားစုတွေရဲ့လုံခြုံရေးကိုလည်း ယူပေးထားရတဲ့အခြေအနေဖြစ်သလို အသစ်ဆောက်လုပ်ထားတဲ့ ဘန်ကာတွေမှာပါ နေရာယူထားရတာတွေရှိနေပါတယ်။ 

 ပုံစာ - အာဏာသိမ်းစစ်တပ်၏ အထူးတပ်ဖွဲ့မှတပ်သားများ 

 Source By : The Nation Voice
ဇူလိုင် ၁၊ The Nation Voice 

နိုင်ထက်လူ 

ကရင်နီ(ကယား) ပြည်နယ်၊ ဘော်လခဲခရိုင်၊ အနီး အာဏာသိမ်းစစ်တပ်ရဲ့လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တာဝန်ရှိသူ ရဲဘော်လောရင်းစိုး ကThe Nation Voice ကိုပြောပါတယ်။
အာဏာသိမ်း စစ်တပ်က အသုံးပြုနေသည့် အပေါ့စားတိုက်လေယာဉ်

“သေချာသွားပါပြီ လေယာဉ်အမျိုးအစားကို စုံစမ်းနေတဲ့အခြေအနေပါ၊ မနေ့က ၁၁နာရီလောက်မှာ ပစ်ချပလိုက်တာပါ၊ အသေးစိတ်ကိုထုတ်ပြန်ပေးဖို့လည်းစဉ်းစားနေပါတယ်၊ ဒီနေ့ထုတ်ပြန်ထားတဲ့အ တိုင်းရပ်တည်သွားမှာပါ”လို့ ရဲဘော်လောရင်းစိုးကပြောပါတယ်။ 

ကလလတ စခန်းတွေကို လိုက်လံ ပစ်ခတ် နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဉ်တစ်စင်းကို ကလလတ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ် လက်နက်ကြီး တွေနဲ့ ပြန်လည် ဝိုင်းဝန်း ပစ်ခတ်ခဲ့တာဖြစ်ပြီးဘော်လခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ တောင်ဆားလဲကျေးရွာ BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးသံလွင်မြစ်ဘေးမှာ ပစ်ချခဲ့တာလို့ဆိုပါတယ်။ ထိုးကျသွားတဲ့ လေယာဥ်နေရာကို အာဏာသိမ်းစစ်တပ်က နောက်ထပ် စစ်ရဟတ်ယာဥ် ၅စင်းဝန်းကျင်နဲ့ ဝန်းရံပြီး အကာအကွယ်ပေးထားတဲ့အတွက် ကလလတ တပ်ဖွဲ့တွေကဝင်စီးလို့ မရခဲ့ဘူးလို့သိရပါတယ်။ 

ဒါ့အပြင် တောင်ပေါ်မြေပြန့်တပြည်လုံးအနှံ့ဆင်နွှဲနေကြတဲ့ နွေဦးခုခံတော်လှန်စစ်မှာ (ကလလတ) အဖွဲ့အနေနဲ့ကျရာအခန်းကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားဝင်ပါဝင်လာပြီးပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေး လုပ်ငန်းတာဝန်တွေကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ဒီနေ့ဇူလိုင် ၁ရက်မှာထုတ်ပြန်ထားပါတယ်။ 

“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး” ဟာ ကျနော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ လတ်တလောရည်မှန်းချက်အဖြစ် တိတိကျကျထားရှိပြီး အကြမ်းဖက်(စကစ) စစ်အုပ်စု ကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က မည်သည့်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန် အလှန်နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းမှုတွေကို အဆင့်ဆင့် တည်ဆောက်သွားနိုင်ဖို့ အတွက်လည်း စိတ်ရောကိုယ်ပါ အဆင်သင့်ရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 ဓာတ်ပုံ - အင်တာနက် 
 ပုံစာ - အာဏာသိမ်း စစ်တပ်က အသုံးပြုနေသည့် အပေါ့စားတိုက်လေယာဉ် 
 Source by : The Nation Voice
ဇွန် ၃၀၊ The Nation Voice မောင်ခဲတံ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ တိုက်ပွဲကြီး တစ်ခုဖော်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ထိပ်ပိုင်း ဗိုလ်မှူး အဆင့်လောက်ကိုသာ အသိပေ းပြင်ဆင်နေတာဖြစ်ပြီး ဘယ်နေရာကို ထိုးစစ်ဆင်မယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုထားတာ မရှိပေမယ့် ကရင်ပြည်နယ်ဘက်နဲ့ပဲခူးတိုင်းဘက်က KNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ရာခိုင်နှုန်းများတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်၏ တပ်မ ၇၇မှ တပ်သားများအားတွေ့ရစဉ်

“ပဲခူးက တပ်တွေအပြင် ရန်ကုန်က တပ်တွေကိုပါ တပ်လှုပ်ခိုင်းထားတယ်။ ရှေ့တန်းထွက်ရဖို့များတယ်။ ဘယ်လဲဆိုတာကို အခုထိမပြောသေးဘူး။ ဖြစ်နိုင်ခြေကတော့ ကရင်ပြည်နယ်နဲ့ပဲခူးထဲက KNLA ထိန်းချုပ်နယ်မြေတွေကို သွားရဖို့များတယ်။ ကားနဲ့သွားရမလား လေယာဉ်နဲ့သွားရမလားဆိုလည်းမသိရသေးဘူး။ အခုတပ်ထဲမှာတော့ တလှုပ်လှုပ်ပဲ”လို့ ရန်ကုန်မှာရှိတဲ့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။ 

အခုလို တိုက်ပွဲကြီးတစ်ခုဖော်ဆောင်ဖို့ပြင်ဆင်လာတာဟာ ဇွန်လထဲမှာ KNLA ဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို အထောက်အကူပြုနေတဲ့ တံတား ၂ စင်းကို ဖောက်ခွဲ ဖျက်စီးခဲ့တာကြောင့် စစ်ပြင်လာတာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။ 

ပဲခူးတိုင်း အရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရွာမှာ ဖျက်ဆီးခံခဲ့ရတဲ့ စစ်တောင်းမြစ်ကူးတံတားဟာ အာဏာသိမ်း စစ်တပ် အတွက် အရေးပါနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လက်နက်ကြီးတွေ အဆမတန်အသုံးပြုပြီး ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်နေတယ်လို့ အဲ့ဒီမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။ 

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပဲခူး တပ်မ ၇၇ မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ စိုးဝင်းနဲ့ စစ်တိုင်းမှူး၊ ဗျူဟာမှူးတွေ လျို့ဝှက်စွာ ရောက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပဲခူးမြို့ရှောင်လမ်းမှာ မနေ့ညနေကတည်းက အဝင်အထွက်အကုန်စစ်နေတယ်လို့သိရပါတယ်။ 

တပ်မ ၇၇ ဟာ အာဏာသိမ်းစဉ်က ရန်ကုန်မြို့မှာ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တပ်မတစ်ခုဖြစ်ပြီးတော့ KNLA နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ အရှုံးကြီးရှုံးနိမ့်ကာ သေဆုံးသူများပြားသလို လက်ရဖမ်းဆီးခံရသူတွေရှိတဲ့ တပ်မတစ်ခုလည်းဖြစ်ပါတယ်။
 
ပုံဟောင်း အသုံးပြုထားခြင်း ဖြစ်သည်။ 

 Source by : The Nation Voice
ဇွန် ၃၀၊ ၂၀၂၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ ပျူသင်တန်းအတွက် လူမပေးပါက အိမ်နဲ့ လယ်ယာမြေတွေကို သိမ်းယူမယ်လို့ သံဃာအမည်ခံ ဝါသဝနဲ့ပျူတွေက ခြိမ်းခြောက်လူစုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က လက်နက်ထောက်ပံ့ထားတဲ့ သင်္ဃန်းဝတ် သံဃာအမည်ခံ ဝါသဝနဲ့ပျူတပ်ဖွဲ့တွေက ခြိမ်းခြောက် အကျပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်၊ ရေကြည်ရွာစာသင်ကျောင်းမှာ တစ်အိမ် တစ်ယောက် မတက်မနေရပုံစံနဲ့ အစည်းအဝေးလုပ်ကာ ကျေးရွာအလိုက် လူ ၂၀ကနေ ၃၀ ဦးအထိ ပျူသင်တန်း တက်ရမယ်လို့ ဝါသဝက ပြည်သူကိုခြိမ်းခြောက်လူစုနေတာလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။ "ဝါသဝ က မိုက်ကြီးနဲ့ အော်ဆဲနေတာ။အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ ဝင်ပါဘူးလို့။ ဒါဆိုရင် ပျူထဲဝင်ရမယ်ပြောလို့ အကုန်တိတ်ကုန်တယ်"လို့ ဒေသခံ တဦးက ပြောပါတယ်။ “သူက ထွက်သွားတယ်ဆိုလို့ရှိရင် အိမ်တွေ အကုန်လုံး၊ လယ်တွေအကုန်လုံး သိမ်းမှာ။ 
သူရမောင်June 26, 2023
စစ်ကိုင်းတိုင်း၊ ကင်းတော်ရွာရှိ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းကို ဇွန် ၂၅ ရက် စစ်ကောင်စီ ဝင်စီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့       
စစ်ကိုင်းမြို့၊ ကင်းတော်ရွာရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခု၏ စခန်းကို စစ်ကောင်စီက စီးနင်းကာ အရပ်သား ၃ ဦး၊ တော်လှန်ရေးသမား ၁၅ ဦးကို သတ်ဖြတ်ပြီး လက်နက်ကြီးငယ်မျိုးစုံ သိမ်းဆည်းသွားသည်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များ ထိုရွာတွင် စခန်းချထားစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကင်းတော်နှင့် လေးမိုင်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာသို့ ရောက်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဇွန် ၂၅) နံနက် ၄ နာရီမထိုးမီ စက်လှေကို စက်မနှိုးဘဲ မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရုတ်တရက် ကမ်းတက် စီးနင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန်ဂျစ်ကော်တေ ဖေဖော်ဝါရီ ၄ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဏာသိမ်းမှုက ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်စောင့်ရှောက်တဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်မဖြစ်ဘူးလို့လည်း ထပ်လောင်းပြောဆိုပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နာရွန်ပန် က " မြန်မာ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ ဒါ နိုင်ငံရေးကိစ္စပါ။ ကျွန်တော်တို့ တပ်မတော်တွေက စစ်ရေးကိစ္စအကြောင်းပဲ ပြောကြတာပါ။ ကျွန်တော်တို့ဟာ အထူးသဖြင့် မြန်မာနယ်စပ်တစ်လျှောက်နဲ့ ထိုင်းနိုင်ငံအတွင်းမှာ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် မြန်မာနဲ့ထိုင်းအကြား စစ်ရေးအရဆက်ဆံမှုနဲ့ပတ်သက်ပြီး တစ်သားတည်းပါပဲ။ မြန်မာနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်" လို့ပြောပါတယ်။ ထိုင်းကာကွယ်ရေးဦးစီးချုပ်က နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ ပြည်သူတွေလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေကို ကိုင်တွယ်ဖြေရှင်းရင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကပြောပါတယ်။ "နှစ်နိုင်ငံစလုံးက ပြည်သူတွေကလည်း အမြဲတမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ကျေးရွာတွေမှာ အတူဝေမျှနေထိုင်ကြပါတယ်။ လှုပ်ရှားမှုအများအပြားကို အတူတကွလုပ်ဆောင်ကြတယ်" လို့ နာရွန်ပန် ဂျစ်ကော်တေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ Source By : မစ္ဇျိမ သတင်းဌာန